ဆက်လုပ်ကြနော် နော်ဆိုနတ်နတ်သီးအပြင် ငှက်ပျောဖူးပါကျွေးမယ်😄😄😄

လှိုင်သာယာ၊ အမှတ် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် စစ်မှုထမ်းဥပဒေဖြင့် စစ်သားသစ်စုဆောင်းရေး အစည်း အဝေး လုပ်နေချိန် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သားတချို့ ဒဏ်ရာရရှိနိုင်

ရန်ကုန်၊ မတ် ၂၆

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သော အစည်း အဝေး လုပ်နေချိန် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး စစ်သားတချို့ ဒဏ်ရာရရှိနိုင်ကြောင်း Urban Justic အဖွဲ့ခေါင်းဆောင် Venom က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၅ ရက်နေ့ ည ၉ နာရီ ၅၈ မိနစ်ခန့်တွင် လှိုင်သာယာမြို့နယ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ စစ်သားများ ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူး ချမ်းသားနှင့် စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်ရန် ဆွေးနွေးနေစဉ် Urban Justic အဖွဲ့က လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ရာ စစ်သား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။”လှိုင်သာယာ ၇ ရပ်ကွက် အုပ်ကြီးရုံးမှာ စစ်ခွေးတွေ ရောက်နေချိန် လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်တာ စစ်ခွေး ၃ ကောင် ထိခိုက်မှုရှိတယ်လို့ ကနဦးသိရတယ်။

အုပ်ကြီး ချမ်းသာဆိုတဲ့ကောင်နဲ့ စစ်ခွေးတွေ စစ်မှုထမ်းဥပဒေနဲ့ ပြည်သူဆီက ငွေညှစ်ဖို့ တိုင်ပင်နေတယ်လို့ သတင်းအတိအကျရတယ်” ဟု Urban Justic အဖွဲ့ခေါင်းဆောင် Venom က ပြောဆိုသည်။လှိုင်သာယာမြို့နယ်မှ ဒေသပြည်သူများကလည်း ယမန်နေ့ည ၉ နာရီ ၅၈ မိနစ်အချိန် မြို့နယ်အတွင်း အလွန်ပြင်း ထန်သော ပေါက်ကွဲသံကို ကြားရကြောင်း ပြောဆိုကြသည်။ ဓာတ်ပုံ- ရန်ကုန်တွင် လုံခြုံရေးယူနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *