ကော့ကရိတ်မြေဩဇာ၁၅အိတ် အက်ရှင်(ရုပ်သံ)

ကော့ကရိတ်ကစစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ရာ စစ်သား၁၅ယောက်သေ (ရုပ်သံ)

မတ်လ ၂၆

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်က အာဏာလုအကြမ်းဖက်စစ်သားတွေတပ်စွဲထားတဲ့ အမှတ် ၃ ရဲစခန်း‌၊ တောင်ပေါ်ကျောင်းနဲ့ မြို့တော်ဦးနေရာတွေကို ကရင့်ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ၁၅ယောက်သေဆုံးသွားတယ်လို့ ကျားဖြူးစစ်ကြောင်းဘက်က သတင်းထုတ်ပြန်ထားပါတယ်။

မနေ့က ကော့ကရိတ်မြို့ပေါ်စစ်ရေးပစ်မှတ်တွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာမှာ စစ်သား၁၅ယောက်သေ၊ အများအပြားထိခိုက်ဒဏ်ရာရသွားတာလို့သိရပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့လို့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းကားပစ်ခတ်နေလို့ ကော့ကရိတ်မြို့ခံတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ့ရဲ့ ခွင့်ပြုချက်မရှိပဲ ဖြတ်သမ်းသွားလာခြင်းမလုပ်ကြဖို့အသိပေးထားပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် -PDF လက်အောက်ခံ ကျားဖြူ စစ်ကြောင်း နဲ့ နဂါးဖြူ စစ်ကြောင်းများမှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦး တိုင်း ပြည်နဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက် အသက်ပေးလှူခဲ့ရကာ ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ထားပါ

မတ်လ ၂၆

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *