ကျ-ည်မကုန်ပဲ နှစ်ပွင့်ဗိုလ်တစ်ကောင်ဖ-မ်းမိ သတ္တိခဲပဲ

စစ်ကောင်စီလက်အောက်ခံ နှစ်ပွင့်ဗိုလ် ရဲတစ်ဦးကို CDF-Hakha ဖမ်းဆီး

မတ်လ ၂၆ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ် ရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံ နှစ်ပွင့်ဗိုလ်ရဲတစ်ဦးကို Chinland Defense Force-Hakha တပ်ဖွဲ့ဝင်များက မတ်လ ၂၄ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

ဖမ်းဆီးခံတဲ့ နှစ်ပွင့်ဗိုလ်ရဲက ကျော်လင်းဦး ဆိုသူဖြစ်ပြီး သေနတ်တစ်ချက်မှ မဖောက်ဘဲနဲ့ ဖမ်းဆီးနိုင်ခဲ့တာလို့ သိရပါတယ်။ သူ့ဆီကနေ ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့ နေပုံထိုင်ပုံနဲ့ အစီအစဉ်များကိုလည်း သိရှိထားတယ်လို့ CDF-Hakha က ဆိုပါတယ်။

“အဲ့ကောင်က စစ်ကောင်စီအာဏာမသိမ်းခင်မှာ တစ်ပွင့်ဗိုလ်ပဲရှိသေးတယ်၊ တစ်ပွင့်ဗိုလ်ဆိုပေမယ့် စခန်းမှူး တာဝန်ယူထားတာ၊ စစ်ကောင်စီ အာဏာသိမ်းလို့ ဟားခါးမြို့မှာ ဆန္ဒထုတ်ဖော်ကြတဲ့အချိန်မှာလည်း ကျွန်တော် တို့ကို အမြဲထောက်လှမ်းနေတဲ့လူ၊ ပြီးတော့ ခင်ဗျားတို့ကို မိုင်းနဲ့ဖောက်ခွဲပစ်မယ်ဆိုပြီးလည်း ခြိမ်းခြောက်ဖူးတယ် ၊ အာဏာသိမ်းပြီးမှ နောက်တစ်ပွင့်ရပြီးတော့ အခုနှစ်ပွင့်ဗိုလ်ဖြစ်သွားတာ၊ အဲလိုအကျင့်မကောင်းတဲ့လူကို ဖမ်းမိ ထားတာ ဝမ်းသာဖို့ကောင်းတယ်” လို့ နာမည်မဖော်လိုတဲ့ ဟားခါးဒေသခံတစ်ဦးက ပြောပါတယ်။

မတရားသဖြင့် အာဏာသိမ်းသွားတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ထက် ကျွန်တော်တို့နိုင်ငံမှာ ဆိုးသွမ်းတာမရှိတော့ စစ်ကောင်စီ ကို အမြစ်ဖြတ်နိုင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်တာကြောင့် ဒီတော်လှန်ရေးကို နိုင်ခြင်တဲ့ပြည်သူတွေက ဆက်လက်ကူညီပေးသွားရန် CDF-Hakha ကတောင်းဆိုထားပါတယ်။

စစ္ေကာင္စီလက္ေအာက္ခံ ႏွစ္ပြင့္ဗိုလ္ ရဲတစ္ဦးကို CDF-Hakha ဖမ္းဆီး
မတ္လ ၂၆ ရက္
ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕ေပၚ ရဲစခန္းမွ စစ္ေကာင္စီလက္ေအာက္ခံ ႏွစ္ပြင့္ဗိုလ္ရဲတစ္ဦးကို Chinland Defense Force-Hakha တပ္ဖြဲ႕ဝင္မ်ားက မတ္လ ၂၄ ရက္မွာ ဖမ္းဆီးခဲ့တယ္လို႔သိရပါတယ္။
ဖမ္းဆီးခံတဲ့ ႏွစ္ပြင့္ဗိုလ္ရဲက ေက်ာ္လင္းဦး ဆိုသူျဖစ္ၿပီး ေသနတ္တစ္ခ်က္မွ မေဖာက္ဘဲနဲ႔ ဖမ္းဆီးႏိုင္ခဲ့တာလို႔ သိရပါတယ္။ သူ႔ဆီကေန ဟားခါးၿမိဳ႕ေပၚရွိ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားရဲ႕ ေနပုံထိုင္ပုံနဲ႔ အစီအစဥ္မ်ားကိုလည္း သိရွိထားတယ္လို႔ CDF-Hakha က ဆိုပါတယ္။
“အဲ့ေကာင္က စစ္ေကာင္စီအာဏာမသိမ္းခင္မွာ တစ္ပြင့္ဗိုလ္ပဲရွိေသးတယ္၊ တစ္ပြင့္ဗိုလ္ဆိုေပမယ့္ စခန္းမႉး တာဝန္ယူထားတာ၊ စစ္ေကာင္စီ အာဏာသိမ္းလို႔ ဟားခါးၿမိဳ႕မွာ ဆႏၵထုတ္ေဖာ္ၾကတဲ့အခ်ိန္မွာလည္း ကြၽန္ေတာ္ တို႔ကို အၿမဲေထာက္လွမ္းေနတဲ့လူ၊ ၿပီးေတာ့ ခင္ဗ်ားတို႔ကို မိုင္းနဲ႔ေဖာက္ခြဲပစ္မယ္ဆိုၿပီးလည္း ၿခိမ္းေျခာက္ဖူးတယ္ ၊ အာဏာသိမ္းၿပီးမွ ေနာက္တစ္ပြင့္ရၿပီးေတာ့ အခုႏွစ္ပြင့္ဗိုလ္ျဖစ္သြားတာ၊ အဲလိုအက်င့္မေကာင္းတဲ့လူကို ဖမ္းမိ ထားတာ ဝမ္းသာဖို႔ေကာင္းတယ္” လို႔ နာမည္မေဖာ္လိုတဲ့ ဟားခါးေဒသခံတစ္ဦးက ေျပာပါတယ္။
မတရားသျဖင့္ အာဏာသိမ္းသြားတဲ့ စစ္ေကာင္စီရဲ႕လုပ္ရပ္ထက္ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ဆိုးသြမ္းတာမရွိေတာ့ စစ္ေကာင္စီ ကို အျမစ္ျဖတ္ႏိုင္တဲ့အထိ ဆက္လက္တိုက္ပြဲဝင္သြားမွာ ျဖစ္တာေၾကာင့္ ဒီေတာ္လွန္ေရးကို ႏိုင္ျခင္တဲ့ျပည္သူေတြက ဆက္လက္ကူညီေပးသြားရန္ CDF-Hakha ကေတာင္းဆိုထားပါတယ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *