ပျော်ပျော်ရွှင်ရွှင်အလင်းဝင်(ရုပ်သံ)

မောင်တောမြို့နယ်၊ တမန်းသားရဲကင်းစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ဦးခန့်လက်နက်ချအညံ့ခံ (ရုပ်/သံ)

■ လက်နက်မချဘဲ ထွက်ပြေးသူများကို လိုက်လံတိုက်ခိုက်ရာ စစ်သား ၂၀ ကျော်သေဆုံး

ရန်ကုန် ၊ မတ် ၂၆

ရက္ခိုင့်တပ်တော် AA က လနဲ့ချီဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားတဲ့ ရခိုင် ပြည် ၊ မောင်တောမြို့နယ်၊ တမန်းသားရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် အင်အား ၁၀၀ ဦးခန့် မတ်လ ၂၅ ရက်နေ့မှာ လက်နက်ချ အညံ့ခံလာတယ်လို့ ရက္ခိုင့်တပ်တော် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မောင်တောမြို့နယ်ထဲက တမန်းသားရဲကင်းစခန်းကို ရက္ခိုင့်တပ်တော်က ၁ လနီးပါး ပိတ်ဆို့ဖြတ် တောက်ဝိုင်းရံထားပြီးနောက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်ဟာ မတ်လ ၂၅ ရက်နေ့မှာ လက် နက်ချ အညံ့ခံလာတယ်လို့ သိရပါတယ်။

အဆိုပါ တမန်းသား ရဲကင်းစခန်းမှ လက်နက်ချ အညံ့ခံခြင်းမရှိဘဲ ထွက်ပြေးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းခဲ့ရာ စစ်သားအလောင်း ၂၀ ကျော်၊ လက်နက်ခဲယမ်းတွေကို AA က သိမ်းဆည်းရရှိခဲ့ပါတယ်။

ရန်ကုန် ၊ မတ် ၂၆



Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *