ဒပ်မတော်နေ့မို့လက်ဆောင်ပေးလိုက်တာ😄😄😄😄

ဘူးသီးတောင်အခြေစိုက် ခမရ ၅၅၂ တပ်ရင်းကို AA က အပြီးသတ်သိမ်းပိုက်၊ ရခိုင်နှင့် ပလက်၀ ဒေသမှ လက် နက်ချအညံ့ခံသူ စစ်သားများနှင့်မိသားစုဝင် ထောင်ချီကို AA က ကောင်းမွန်စောင့်ရှောက်ထား

ရန်ကုန်၊ မတ် ၂၇

ရခိုင်ပြည်၊ ဘူးသီးတောင်အခြေစိုက် ခမရ ၅၅၂ တပ်ရင်းကို AA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ် ကြောင်း ရက္ခိုင့်တပ်တော် AA က တရားဝင် သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၃၅ မိနစ်အချိန်မှစတင်၍ ဘူးသီးတောင်အခြေစိုက် စကခ ၁၅ လက် အောက်ခံ၊ ခမရ ၅၅၂ တပ်ရင်းကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ ကြည်း၊ လေ အပြင်း အထန်ခုခံကာကွယ်မှုကြားထဲမှ ရက်ပေါင်း (၃၂) ရက်အကြာ ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ပြီးသည့်နောက် မတ်လ ၂၅ ရက်နေ့၊ နေ့လယ် ၁၂ နာရီအချိန်တွင် အဆိုပါစခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း သိရှိရသည်။

ဘူးသီးတောင် ခမရ ၅၅၂ တပ်ရင်းကို သိမ်းပိုက်မှုအတွင်း လက်နက်ခဲယမ်း၊ စစ်သားအလောင်းများနှင့်အတူ လက်နက်ချအညံ့ခံသော စစ်သားတချို့ကိုလည်း လက်ရဖမ်းဆီး မိခဲ့ကြောင်း၊ ထို့အတူ ထွက်ပြေးလွတ်မြောက်နေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း AA က လိုက်လံဖမ်းဆီးလျက်ရှိကြောင်း သိရှိရသည်။

ထို့အတူ ရက္ခိုင့်တပ်တော်မှ တစ်လနီးပါး ဝိုင်းရံပိတ်ဆိုထားနိုင်ခဲ့ပြီးနောက် အတိုင်းအတာတစ်ခုထိ သိမ်းပိုက်ရယူထားပြီဖြစ်သော ရက္ခိုင်ပြည်၊ မောင်တောမြိုရှိ ကြိမ်ချောင်းနယ်ခြားစောင့်စခန်းကိုလည်း အပြီးသတ်ရယူနိုင်ရေးအတွက် ထိုးစစ်ကို ဆက်လက်အရှိန်အဟုန်မြှင့်လျက်ရှိကြောင်း AA က ပြောသည်။

အလားတူ မောင်တောမြို့ရှိ တမန်းသား ရဲကင်းစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် မတ်လ ၂၅ ရက်နေ့တွင် အဆိုပါစခန်းမှ အင်အား ၁၀၀ ခန့် ပါဝင်သောတပ်ဖွဲဝင်များက ရက္ခိုင့်တပ်တော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို အလူးအလဲခံခဲ့ရပြီး နောက်တွင် ရက္ခိုင့်တပ်တော်ထံ လက်နက်ချခဲ့ကြောင်း ၊ စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် AA က လက်နက်ချအညံ့ခံသောသူများကို ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း၊ လက်ရှိအချိန်အထိ ရက္ခိုင်၊ ပလက်ဝ ဒေသများမှ လက်နက်ချအညံ့ခံသော စစ်သားများနှင့် တပ်မိသားစု အရေအတွက် မှာ ထောင်ချီ၍ ရှိထားပြီးဖြစ်ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *