ထမင်းစားနေချိန် ငှက်ပျောဖူးကျွေး(ရုပ်သံ)

ရွှေဘိုမြို့ပေါ်ကတပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေထမင်းစားနေတုန်းဒရုန်းနဲ့တိုက်ခိုက်ခံရ

မတ်လ ၂၈၊၂၀၂၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အမှတ်၅ရပ်ကွက်မှတပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေ ထမင်းစားနေတုန်း ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့လို့ ထိခိုက်မှုတွေရှိခဲ့တယ်လို့ Buffalo soldiers freedom Force (drone)တပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

မနေ့မနက် ၁၀နာရီ ၅၈မိနစ်ခန့်က အမှတ်၅ရပ်ကွက် ဘုန်းကြီးကျောင်းထဲတပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီး၄လုံးချတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

“စခတွေထမင်းစားနားနေတုန်း ဒရုန်းနဲ့ဗုံးသီးချပေးလိုက်တာ။ ခွေးဘက်က ၅ကောင် အပြင်းအထန်ဒဏ်ရာရသွားတယ်။ ထိခိုက်သေဆုံးစာရင်းသိရဖို့ ထောက်နေတုန်း”လို့ဒေသတော်လှန်ရေးနဲ့နီးစပ်သူတဦးကပြောပါတယ်။

အလားတူမွန်းလွဲ ၁နာရီ၄၉မိနစ်ခန့်က ဒရုန်းနဲ့ ဗုံးသီး ၄လုံးချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့သိရပြီး အသေးစိပ်ကိုတော့ စုံစမ်းနေတယ်လို့သိရပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်အုပ်စုဘက်က အထိနာသွားပြီးကညနရုံးတွင်းမှာတပ်စွဲထားတဲ့စစ်သားတွေဘက်က (81) သုံးလုံးနဲ့ ကောင်တာပြန်တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိပဲ အောင်မြင်စွာပြန်လည်ဆုတ်ခွါလာနိုင်ခဲ့တယ်လို့သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Buffalo soldiers freedom Force (drone)တပ်ဖွဲ့နဲ့မဟာမိတ်ညီနောင်များမှ Fixed wings droneနဲ့တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

မတ်လ ၂၈၊၂၀၂၄
သောင်ရင်းသတင်းလွှာ
မနေ့မနက် ၁၀နာရီ ၅၈မိနစ်ခန့်က အမှတ်၅ရပ်ကွက် ဘုန်းကြီးကျောင်းထဲတပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီး၎လုံးချတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *