ဒေါ်လာ၉သန်းတန် ငှက်ကင်ကြီး(ရုပ်သံ)

ဒေါ်လာ၉သန်းတန် ငှက်ကင်ကြီး(ရုပ်သံ)

သင်္ဃန်းညီနောင်တွင် ကော်ဘရာစစ်ကြောင်းက ပစ်ချခဲ့သော စစ်ကောင်စီ၏ ရဟတ်ယာဉ်ပျက်ကို ဗိုလ်ဒါဘော ကြည့်ရှုစစ်ဆေး (ရုပ်/သံ)

ရန်ကုန်၊ ဧပြီ ၉

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ် အစပ် သင်္ဃန်းညီနောင်တွင် ကော်ဘရာစစ်ကြောင်းက ပစ်ချခဲ့သော စစ်ကောင်စီ၏ ရဟတ်ယာဉ်ပျက်ကို ကော်ဘရာစစ်ကြောင်းမှ စစ်ကြောင်းမှူး ဗိုလ်ဒါဘောက တွေ့ရှိ စစ်ဆေးကြောင်း သိရှိရသည်။

ဇန်နဝါရီ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် ကရင်ပြည်နယ်၊ မြ၀တီမြို့အနီး သင်္ဃန်းညီနောင်တွင် သင်္ဃန်းညီနောင်တွင် စစ်ကောင်စီ ရဟတ်ယာဉ်တစ်ကို ကော်ဘရာစစ်ကြောင်းက ပစ်ချခဲ့ပြီး တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းနောင် အပါအဝင် ၅ ဦးခန့်သေဆုံးခဲ့ခြင်းဖြစ်သည်။

သင်္ဃန်းညီနောင် ခမရ ၃၅၅ သို့ လာသည့် စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီးကို ပစ်ချခဲ့ရာတွင် ရဟတ်ယာဉ်ပေါ်ပါ တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းနောင် အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ၅ ဦးခန့် သေဆုံးခဲ့ကြောင်း၊ သင်္ဃန်းညီနောင်ရှိ ခမရ ၃၅၅ (ခြေမြန်တပ်ရင်း) သို့ လာရောက်စစ်ဆေးသော အဆိုပါ စစ်ကောင်စီ ရဟတ်ယာဉ် ၂ စင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ်(၃)၊ KNLA/PDF ပူးပေါင်းစစ်ကြောင်းဖြစ်သည့် ကော်ဘရာစစ်ကြောင်းက Missile ၊ ပွိုင့်ဖိုက်၊ စနိုက်ပါ အစရှိသည့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ရဟတ်ယာဉ်တစီး၏ လေယာဉ်မှူးကို ထိမှန်သည့်အတွက် ရဟတ်ယာဉ်ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ရဟတ်ယာဉ်သည် Eurocopter အမျိုးအစား ရဟတ်ယာဉ်တစီးဖြစ်ပြီး ယခု သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို ကော်ဘရာစစ်ကြောင်း အပါအဝင် တော်လှန်ရေးတပ်များက သိမ်းပိုက်ခဲ့ပြီးနောက်မှ ရဟတ်ယာဉ်ပျက်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ကော်ဘရာစစ်ကြောင်းက ပစ်ချခဲ့သည့် Eurocopter 365 စစ်ရဟတ် ယာဉ်မှာ ဒေါ်လာ ၉ သန်းနီးပါး တန်ဖိုးရှိပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် တပ်တော်ဝင်ခဲ့ခြင်းဖြစ်သည်။

သဃၤန္းညီေနာင္တြင္ ေကာ္ဘရာစစ္ေၾကာင္းက ပစ္ခ်ခဲ့ေသာ စစ္ေကာင္စီ၏ ရဟတ္ယာဥ္ပ်က္ကို ဗိုလ္ဒါေဘာ ၾကည့္ရႈစစ္ေဆး (႐ုပ္/သံ)

ရန္ကုန္၊ ဧၿပီ ၉

ကရင္ျပည္နယ္၊ ျမ၀တီၿမိဳ႕နယ္ႏွင့္ ေကာ့ကရိတ္ၿမိဳ႕နယ္ အစပ္ သဃၤန္းညီေနာင္တြင္ ေကာ္ဘရာစစ္ေၾကာင္းက ပစ္ခ်ခဲ့ေသာ စစ္ေကာင္စီ၏ ရဟတ္ယာဥ္ပ်က္ကို ေကာ္ဘရာစစ္ေၾကာင္းမွ စစ္ေၾကာင္းမႉး ဗိုလ္ဒါေဘာက ေတြ႕ရွိ စစ္ေဆးေၾကာင္း သိရွိရသည္။

ဇန္နဝါရီ ၂၉ ရက္ေန႔ မြန္းလြဲ ၂ နာရီ ၃၀ မိနစ္အခ်ိန္ ကရင္ျပည္နယ္၊ ျမ၀တီၿမိဳ႕အနီး သဃၤန္းညီေနာင္တြင္ သဃၤန္းညီေနာင္တြင္ စစ္ေကာင္စီ ရဟတ္ယာဥ္တစ္ကို ေကာ္ဘရာစစ္ေၾကာင္းက ပစ္ခ်ခဲ့ၿပီး တပ္မ ၄၄ တပ္မမႉး ဗိုလ္မႉးခ်ဳပ္ေအးမင္းေနာင္ အပါအဝင္ ၅ ဦးခန႔္ေသဆုံးခဲ့ျခင္းျဖစ္သည္။

သဃၤန္းညီေနာင္ ခမရ ၃၅၅ သို႔ လာသည့္ စစ္ေကာင္စီ ရဟတ္ယာဥ္တစ္စီးကို ပစ္ခ်ခဲ့ရာတြင္ ရဟတ္ယာဥ္ေပၚပါ တပ္မ ၄၄ တပ္မမႉး ဗိုလ္မႉးခ်ဳပ္ေအးမင္းေနာင္ အျပင္းအထန္ဒဏ္ရာရရွိခဲ့ၿပီး ၅ ဦးခန႔္ ေသဆုံးခဲ့ေၾကာင္း၊ သဃၤန္းညီေနာင္ရွိ ခမရ ၃၅၅ (ေျချမန္တပ္ရင္း) သို႔ လာေရာက္စစ္ေဆးေသာ အဆိုပါ စစ္ေကာင္စီ ရဟတ္ယာဥ္ ၂ စင္းကို ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္၊ ေတာင္ပိုင္းစစ္ေဒသ၊ စစ္ေဒသခြဲအမွတ္(၃)၊ KNLA/PDF ပူးေပါင္းစစ္ေၾကာင္းျဖစ္သည့္ ေကာ္ဘရာစစ္ေၾကာင္းက Missile ၊ ပြိဳင့္ဖိုက္၊ စႏိုက္ပါ အစရွိသည့္ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း၊ ရဟတ္ယာဥ္တစီး၏ ေလယာဥ္မႉးကို ထိမွန္သည့္အတြက္ ရဟတ္ယာဥ္ပ်က္က်ခဲ့ျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

အဆိုပါ ရဟတ္ယာဥ္သည္ Eurocopter အမ်ိဳးအစား ရဟတ္ယာဥ္တစီးျဖစ္ၿပီး ယခု သဃၤန္းညီေနာင္ရွိ စစ္ေကာင္စီတပ္စခန္းမ်ားအားလုံးကို ေကာ္ဘရာစစ္ေၾကာင္း အပါအဝင္ ေတာ္လွန္ေရးတပ္မ်ားက သိမ္းပိုက္ခဲ့ၿပီးေနာက္မွ ရဟတ္ယာဥ္ပ်က္ကို ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း၊ ေကာ္ဘရာစစ္ေၾကာင္းက ပစ္ခ်ခဲ့သည့္ Eurocopter 365 စစ္ရဟတ္ ယာဥ္မွာ ေဒၚလာ ၉ သန္းနီးပါး တန္ဖိုးရွိၿပီး ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလ ၁၅ ရက္ေန႔တြင္ တပ္ေတာ္ဝင္ခဲ့ျခင္းျဖစ္သည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *