အုပ်ကြီးရက်လည်ကျရင်လည်း မွှင်းခါးပဲကျွေး

အုပ်ကြီးရက်လည်ကျရင်လည်း မွှင်းခါးပဲကျွေး

အင်းစိန်မြို့နယ်၊ ပေါက်တော၀ရပ်ကွက်အုပ်ချုပ်ရေးမှူး ဌေးမြင့် မုန့်ဟင်းခါးစားနေစဉ် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၉

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ပေါက်တော၀ရပ်ကွက်အုပ်ချုပ်ရေးမှူး ဌေးမြင့် ယနေ့ နံနက်ပိုင်း မုန့်ဟင်းခါးဆိုင်တွင် မုန့်ဟင်းခါး စားနေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အင်းစိန်မြို့နယ်၊ ပေါက်တာ၀ရပ်ကွက်တွင် စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို တပ်သားအသစ်အဖြစ် တက်ကြွစွာ စုဆောင်းနေသူ ပေါက်တော၀ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဌေးမြင့်သည် ယနေ့ နံနက်ပိုင်း မုန့်ဟင်းခါးဆိုင်တွင် မုန့်ဟင်းခါးစားနေစဉ် သေနတ်သမား ၁ ဦးက ဝင်ရောက်ပစ်ခတ်သဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၍ သေဆုံးသွားပြီးနောက် စစ်တပ်နှင့်ရဲများက အင်းစိန်မြို့နယ်တစ်ခွင်ကို လှည့်လည်၍ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“အင်းစိန် ပေါက်တော၀ အုပ်ကြီးကတော့ မုန့်ဟင်းခါးဆိုင် မှာ စားနေတုန်း နားထင် ၄ ချက် အပစ်ခံရပြီး ပွဲချင်း ပြီး ရှောတယ်။ သူက စစ်မှုထမ်းဥပဒေနဲ့ လူငယ်တွေကို တပ်သားသစ်အဖြစ် လိုက်ပြီး စုဆောင်းနေသူလည်းဖြစ်ပါတယ်။ စစ်ကားတွေ အင်းစိန်ထဲမှာ ပတ်နေတယ်။ ဆိုင်ကယ် တွေဖမ်းနေတယ်။ သေနတ်တွေနဲ့ လူတွေကို ချိန်တယ်။ သူတို့စစ်ကားတွေက ဟွန်းသံတွေ ပေးပြီး ကင်းလှည့်နေကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

သေဆုံးသူ ပေါက်တော၀ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် အလွန်ဆိုးသွမ်းသူတစ်ဦးဖြစ်ပြီး စစ်ကောင်စီအတွက် အသက်ပင်သေပါစေ အလုပ်လုပ်ပေးမည်ဟု ကြွေးကြော်နေသူဖြစ်ကြောင်း၊ စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို တပ်သားအသစ်အဖြစ် အတင်းအဓမ္မ စုဆောင်းခဲ့သူဖြစ်ပြီး ပြည်သူများထံမှ ငွေကြေးများကို မတရားတောင်း ခံနေသူလည်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အင်းစိန်မြို့နယ်၊ ပေါက်တော၀ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး။

အင္းစိန္ၿမိဳ႕နယ္၊ ေပါက္ေတာ၀ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ေဌးျမင့္ မုန႔္ဟင္းခါးစားေနစဥ္ ပစ္ခတ္ခံရၿပီး ေသဆုံး
ရန္ကုန္၊ ဧၿပီ ၉
ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္၊ ေပါက္ေတာ၀ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ေဌးျမင့္ ယေန႔ နံနက္ပိုင္း မုန႔္ဟင္းခါးဆိုင္တြင္ မုန႔္ဟင္းခါး စားေနစဥ္ ပစ္ခတ္ခံရၿပီး ေသဆုံးသြားေၾကာင္း ေဒသျပည္သူမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
အင္းစိန္ၿမိဳ႕နယ္၊ ေပါက္တာ၀ရပ္ကြက္တြင္ စစ္မႈထမ္းဥပေဒျဖင့္ လူငယ္မ်ားကို တပ္သားအသစ္အျဖစ္ တက္ႂကြစြာ စုေဆာင္းေနသူ ေပါက္ေတာ၀ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ေဌးျမင့္သည္ ယေန႔ နံနက္ပိုင္း မုန႔္ဟင္းခါးဆိုင္တြင္ မုန႔္ဟင္းခါးစားေနစဥ္ ေသနတ္သမား ၁ ဦးက ဝင္ေရာက္ပစ္ခတ္သျဖင့္ ပြဲခ်င္းၿပီး ေသဆုံးသြားေၾကာင္း၊ အုပ္ခ်ဳပ္ေရးမႉး ပစ္ခတ္ခံရ၍ ေသဆုံးသြားၿပီးေနာက္ စစ္တပ္ႏွင့္ရဲမ်ားက အင္းစိန္ၿမိဳ႕နယ္တစ္ခြင္ကို လွည့္လည္၍ စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရွိရသည္။
“အင္းစိန္ ေပါက္ေတာ၀ အုပ္ႀကီးကေတာ့ မုန္႔ဟင္းခါးဆိုင္ မွာ စားေနတုန္း နားထင္ ၄ ခ်က္ အပစ္ခံရၿပီး ပြဲခ်င္း ၿပီး ေရွာတယ္။ သူက စစ္မႈထမ္းဥပေဒနဲ႔ လူငယ္ေတြကို တပ္သားသစ္အျဖစ္ လိုက္ၿပီး စုေဆာင္းေနသူလည္းျဖစ္ပါတယ္။ စစ္ကားေတြ အင္းစိန္ထဲမွာ ပတ္ေနတယ္။ ဆိုင္ကယ္ ေတြဖမ္းေနတယ္။ ေသနတ္ေတြနဲ႔ လူေတြကို ခ်ိန္တယ္။ သူတို႔စစ္ကားေတြက ဟြန္းသံေတြ ေပးၿပီး ကင္းလွည့္ေနၾကတယ္” ဟု ေဒသျပည္သူတစ္ဦးက ေျပာဆိုသည္။
ေသဆုံးသူ ေပါက္ေတာ၀ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးသည္ အလြန္ဆိုးသြမ္းသူတစ္ဦးျဖစ္ၿပီး စစ္ေကာင္စီအတြက္ အသက္ပင္ေသပါေစ အလုပ္လုပ္ေပးမည္ဟု ေႂကြးေၾကာ္ေနသူျဖစ္ေၾကာင္း၊ စစ္မႈထမ္းဥပေဒျဖင့္ လူငယ္မ်ားကို တပ္သားအသစ္အျဖစ္ အတင္းအဓမၼ စုေဆာင္းခဲ့သူျဖစ္ၿပီး ျပည္သူမ်ားထံမွ ေငြေၾကးမ်ားကို မတရားေတာင္း ခံေနသူလည္းျဖစ္ေၾကာင္း သိရွိရသည္။
ဓာတ္ပုံ- အင္းစိန္ၿမိဳ႕နယ္၊ ေပါက္ေတာ၀ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံး။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *