$ရှက်ကွဲသွာလို့ ရှုံးမဲ မဲနေပြီ သတိထားကြပါ

$ရှက်ကွဲသွာလို့ ရှုံးမဲ မဲနေပြီ သတိထားကြပါ

စစ်ကောင်စီတပ်က တိုက်လေယာဉ်များစွာ မြ၀တီမြို့သို့ လာရောက် ဗုံးကျဲနေပြီး မြေပြင်တွင်လည်း မော်လမြိုင်မှ စစ်ကား ၁၀၀ ကျော် ဘားအံဘက်သို့ တောက်လျှောက်သွားနေ၊ မြ၀တီမြို့ အဝင်အထွက်များ ပိတ်ထားပြီ

ရန်ကုန်၊ ဧပြီ ၁၀

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်များစွာ အသုံးပြု၍ ဗုံးကျဲ တိုက်ခိုက်မှုများ ယနေ့ နံနက်ပိုင်းမှ စတင်၍ ဆက်တိုက်လုပ်ဆောင်နေပြီး အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများနှင့် စစ်ရေး သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဧပြီလ၁၀ ရက်နေ့ နံနက် ၃ နာရီဝန်းကျင်မှစတင်၍ စစ်ကောင်စီ၏ တိုက်လေယာဉ်များက အဆက်မပြတ် မြ၀တီမြို့ကို ဗုံးကျဲမှုများ လုပ်ဆောင်နေကြောင်း၊ ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင်လည်း ပေါင် ၅၀၀ ဗုံး ကြီး ၃ လုံးကို မြ၀တီမြို့ပြင်ပ ခလရ ၂၇၅ အနီးပတ်ဝန်းကျင်သို့ ကျဲချသွားကြောင်း သိရှိရသည်။

“လေယာဉ်နဲ ဗုံးလာချတာ။ ၃ လုံး၊ မြ၀တီမြို့ပေါ့် တိုက်အိမ်တောင်တုန်တယ်။ ဒီမနက် ၁၀ နာရီ ၁၅ လောက်ဖြစ်မယ်။ လေယာဉ်တွေကတောက်လျှောက်ပဲ တက်လာနေတာ” ဟု မြ၀တီမြို့အခြေစိုက် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ် လုပ်ဆောင်သည့်အပြင် မြေပြင်တွင်လည်း မော်လမြိုင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ သံချပ်ကာကားများ၊ စစ်ကူကားများ အစီး ၁၀၀ ကျော် ယနေ့ နံနက် အစောပိုင်းမှစတင်၍ ဘားအံဘက်သို့ ဦးတည်သွားနေကြောင်း သိရှိရသည်။

“ဒီမနက်တင် သထုံ ကြာပန်း ရွာကို ဖြတ်ပြီး အစီး ၅၀ ကျော်ပြီ။ ဘားအံဘက်ကို ဦးတည်ထားတယ်။ ဒီမနက် လင်းအားကြီး အချိန်ကစပြီး အခုထက်ထိ သံချပ်ကာ၊ တင့်ကားရော အစီး ၁၀၀ ဘားအံဘက်ဆီ ဦးတည်သွားနေတယ်။ စစ်ကားတန်းတွေ တောက်လျှောက်ပဲ။ ဒီမနက် ၂ နာရီကတည်းက စစ်ကားတွေ တောက်လျှောက် ဆင်းနေတာ။ စစ်သား အပြည့်ပါတဲ့ ကားက အစီး ၈၀ လောက်ရှိမယ်။ တောက်လျှောက် သွားနေတာက ကားအစီးရေ ၁၀၀ ကျော်နေပြီ” ဟု သထုံမြို့မှ ကင်းထောက်သတင်းရင်းမြစ်က ရှင်းပြသည်။

လတ်တလော မြ၀တီမြို့တွင် အဝင်အထွက်များကို တော်လှန်ရေးတပ်များက ပိတ်ဆို့လိုက်ပြီး စစ်ကောင်စီ၏ စစ်ယာဉ်တန်းများက မြ၀တီမြို့အထိ ဆင်းလာမည့် အခြေအနေ ဟု မျှော်လင့်ရကြောင်း မြ၀တီ စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

“ကားရာချီပြီးတော့ အသေခံ တက်လာမယ့် သဘောလို့ထင်တာပဲ။ လမ်းမှာ ကြားဖြတ်မဟန့်တားနိုင်ရင်တော့ မြ၀တီထဲထိ ဦးတည်ပြီး ဝင်လာမယ့် သဘောရှိတယ်” ဟု မြ၀တီစစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း စစ်ကောင်စီ၏ သံချပ်ကာကားနှင့် စစ်ယာဉ်တန်း ဘားအံသို့ ဖြတ်သန်းနေစဉ်။

စစ္ေကာင္စီတပ္က တိုက္ေလယာဥ္မ်ားစြာ ျမ၀တီၿမိဳ႕သို႔ လာေရာက္ ဗုံးက်ဲေနၿပီး ေျမျပင္တြင္လည္း ေမာ္လၿမိဳင္မွ စစ္ကား ၁၀၀ ေက်ာ္ ဘားအံဘက္သို႔ ေတာက္ေလွ်ာက္သြားေန၊ ျမ၀တီၿမိဳ႕ အဝင္အထြက္မ်ား ပိတ္ထားၿပီ
ရန္ကုန္၊ ဧၿပီ ၁၀
ကရင္ျပည္နယ္၊ ျမ၀တီၿမိဳ႕နယ္တြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္က တိုက္ေလယာဥ္မ်ားစြာ အသုံးျပဳ၍ ဗုံးက်ဲ တိုက္ခိုက္မႈမ်ား ယေန႔ နံနက္ပိုင္းမွ စတင္၍ ဆက္တိုက္လုပ္ေဆာင္ေနၿပီး အဆက္မျပတ္ ေလေၾကာင္းတိုက္ခိုက္မႈမ်ား လုပ္ေဆာင္ေနေၾကာင္း ေဒသျပည္သူမ်ားႏွင့္ စစ္ေရး သတင္းရင္းျမစ္ထံမွ သိရွိရသည္။
ဧၿပီလ၁၀ ရက္ေန႔ နံနက္ ၃ နာရီဝန္းက်င္မွစတင္၍ စစ္ေကာင္စီ၏ တိုက္ေလယာဥ္မ်ားက အဆက္မျပတ္ ျမ၀တီၿမိဳ႕ကို ဗုံးက်ဲမႈမ်ား လုပ္ေဆာင္ေနေၾကာင္း၊ ယေန႔ နံနက္ ၁၀ နာရီဝန္းက်င္တြင္လည္း ေပါင္ ၅၀၀ ဗုံး ႀကီး ၃ လုံးကို ျမ၀တီၿမိဳ႕ျပင္ပ ခလရ ၂၇၅ အနီးပတ္ဝန္းက်င္သို႔ က်ဲခ်သြားေၾကာင္း သိရွိရသည္။
“ေလယာဥ္နဲ ဗုံးလာခ်တာ။ ၃ လုံး၊ ျမ၀တီၿမိဳ႕ေပါ့္ တိုက္အိမ္ေတာင္တုန္တယ္။ ဒီမနက္ ၁၀ နာရီ ၁၅ ေလာက္ျဖစ္မယ္။ ေလယာဥ္ေတြကေတာက္ေလွ်ာက္ပဲ တက္လာေနတာ” ဟု ျမ၀တီၿမိဳ႕အေျခစိုက္ စစ္ေရးသတင္းရင္းျမစ္က ေျပာဆိုသည္။
ထို႔ျပင္ စစ္ေကာင္စီက ေလေၾကာင္းတိုက္ခိုက္မႈမ်ား အဆက္မျပတ္ လုပ္ေဆာင္သည့္အျပင္ ေျမျပင္တြင္လည္း ေမာ္လၿမိဳင္ အေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္မွ သံခ်ပ္ကာကားမ်ား၊ စစ္ကူကားမ်ား အစီး ၁၀၀ ေက်ာ္ ယေန႔ နံနက္ အေစာပိုင္းမွစတင္၍ ဘားအံဘက္သို႔ ဦးတည္သြားေနေၾကာင္း သိရွိရသည္။
“ဒီမနက္တင္ သထုံ ၾကာပန္း ႐ြာကို ျဖတ္ၿပီး အစီး ၅၀ ေက်ာ္ၿပီ။ ဘားအံဘက္ကို ဦးတည္ထားတယ္။ ဒီမနက္ လင္းအားႀကီး အခ်ိန္ကစၿပီး အခုထက္ထိ သံခ်ပ္ကာ၊ တင့္ကားေရာ အစီး ၁၀၀ ဘားအံဘက္ဆီ ဦးတည္သြားေနတယ္။ စစ္ကားတန္းေတြ ေတာက္ေလွ်ာက္ပဲ။ ဒီမနက္ ၂ နာရီကတည္းက စစ္ကားေတြ ေတာက္ေလွ်ာက္ ဆင္းေနတာ။ စစ္သား အျပည့္ပါတဲ့ ကားက အစီး ၈၀ ေလာက္ရွိမယ္။ ေတာက္ေလွ်ာက္ သြားေနတာက ကားအစီးေရ ၁၀၀ ေက်ာ္ေနၿပီ” ဟု သထုံၿမိဳ႕မွ ကင္းေထာက္သတင္းရင္းျမစ္က ရွင္းျပသည္။
လတ္တေလာ ျမ၀တီၿမိဳ႕တြင္ အဝင္အထြက္မ်ားကို ေတာ္လွန္ေရးတပ္မ်ားက ပိတ္ဆို႔လိုက္ၿပီး စစ္ေကာင္စီ၏ စစ္ယာဥ္တန္းမ်ားက ျမ၀တီၿမိဳ႕အထိ ဆင္းလာမည့္ အေျခအေန ဟု ေမွ်ာ္လင့္ရေၾကာင္း ျမ၀တီ စစ္ေရး သတင္းရင္းျမစ္က ဆိုသည္။
“ကားရာခ်ီၿပီးေတာ့ အေသခံ တက္လာမယ့္ သေဘာလို႔ထင္တာပဲ။ လမ္းမွာ ၾကားျဖတ္မဟန႔္တားႏိုင္ရင္ေတာ့ ျမ၀တီထဲထိ ဦးတည္ၿပီး ဝင္လာမယ့္ သေဘာရွိတယ္” ဟု ျမ၀တီစစ္ေရး သတင္းရင္းျမစ္က ရွင္းျပသည္။
ဓာတ္ပုံ- ယေန႔ နံနက္ပိုင္း စစ္ေကာင္စီ၏ သံခ်ပ္ကာကားႏွင့္ စစ္ယာဥ္တန္း ဘားအံသို႔ ျဖတ္သန္းေနစဥ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *