Wow 😳😳😳၅၀ပြည့်တော့မယ်

အခေါက်ရွှေစျေး ၄၈ သိန်း ၄ သောင်းဖြင့် စံချိန်ထပ်ချိုးပြီး အမေရိကန်တစ်ဒေါ်လာလျှင် ၃၉၀၀ ကျပ်ကျော်သို့ ရောက်ရှိ

ရန်ကုန်၊ ဧပြီ ၁၀ ပြည်တွင်းစျေးကွက်တွင် အခေါက်ရွှေစျေးသည် တစ်ကျပ်သားလျှင် ၄၈ သိန်း ၄ သောင်း (၄,၈၀၄,၀၀၀) ကျပ်သို့ ရောက်ရှိနေကြောင်း ရန်ကုန်ရွှေစျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၄၇ သိန်း ၄ သောင်းကျော်ဖြင့် စျေးဖွင့်ခဲ့ရာမှာ ညနေ ၃ နာရီဝန်းကျင်အချိန်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၄၈ သိန်း ၄ သောင်းကျပ်သို့ စျေးတက်လာခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့ရွှေ စျေးမြင့်တက်မှုနှင့်အတူ ဒေါ်လာတန်ဖိုးမြင့်တက်လာခြင်းကြောင့်မြန်မာ့ ရွှေစျေး စံချိန်တင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

အမေရိကန်ဒေါ်လာမှာမူ တစ်ဒေါ်လာလျှင် ငွေကျပ် ၃၈၇၀ ကျပ်ဝန်းကျင်မှ ၃၉၂၀ ကျပ်ဝန်းကျင်အထိ စျေးနှုန်းမြင့်တက်လာကြောင်း၊ လက်ရှိတွင် အရွက်ဝယ်လိုအားများနေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ “ရွှေကတော့ ကမ္ဘာ့စျေးတက်တာရော အရွက်စျေးတက်တာရောကြောင့် ဒီနေ့ အမြင့်ဆုံးရှိပါတယ်။

ကမ္ဘာ့စျေးက ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၃၇၃ ရှိပါတယ်။ ဒေါ်လာ အရွက်စျေးကလည်း ၃၉၀၀ ကျော်ရှိတယ်။ အဲဒါကြောင့် မြန်မာ့ရွှေစျေးလိုက်တက်တာ။ ကမ္ဘာ့စျေးစံချိန်တင်နေရင်တော့ မြန်မာ့စျေးက လိုက်တက်နေဦးမှာပါပဲ” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *