နိုင်ငံတကာမှာ $ရှက်မရှိဆုံးငပု

နိုင်ငံတကာမှာ $ရှက်မရှိဆုံးငပု

ယာယီသမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဝန်ကြီးချုပ် သုံးမည်ရ ရာထူး ၃ ခုဖြင့် အကြမ်းဖက် မင်းအောင်လှိုင်က ကာ/လုံအစည်းအဝေး ခေါ်ယူ အရေးပေါ် ၆ လ သက်တမ်းတိုးဦးမည်

ရန်ကုန်၊ ဇူလိုင် ၃၁

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယာယီသမ္မတ၊ ကာကွယ် ရေးဦးစီးချုပ်၊ ဝန်ကြီးချုပ် သုံးမည်ရ ရာထူး ၃ ခု ဖြင့် ယနေ့ အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီ(ကာ/လုံ) အစည်းအဝေး ခေါ်ယူပြီး အရေးပေါ် ၆ လ သက်တမ်းတိုးဦးမည်ဖြစ်သည်။

ဇူလိုင်လ ၂၂ ရက်နေ့ အကြမ်းဖက် မင်းအောင်လှိုင်က ယာယီသမ္မတ မြင့်ဆွေသည် လက်ရှိ ကျန်းမာရေးအခြေအနေအရ ဆေးကုသမှု ခံယူနေရ၍ ယာယီသမ္မတ ရာထူးနှင့်တာဝန်များကို လွှဲပြောင်းရယူလိုက်ကြောင်း ကြေညာပြီးနောက် ယခုအခါ ယာယီသမ္မတရာထူးဖြင့် ကာ/လုံအစည်းအဝေးကို ခေါ်ယူ၍ ၆ လ သက်တမ်းတိုးရန် ရှိနေကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက အကြမ်းဖက်စစ်ခေါင်း ဆောင် မင်းအောင်လှိုင်တွင် အခြေခံဥပဒေ ဥပဒေ ပုဒ်မ ၄၁၉ အရ အာဏာ ၃ ရပ်လုံးရှိနေကြောင်း၊ ထို့ကြောင့် ကာ/လုံခေါ်ယူချိန်တွင် မင်းအောင်လှိုင်အနေ ဖြင့် ယာယီသမ္မတအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

အဖွဲ့ဝင် ၁၁ ဦးရှိသော ကာ/လုံတွင် မင်းအောင်လှိုင်က ယာယီသမ္မတ၊ စစ်တပ် ကာကွယ် ရေးဦးစီးချုပ်၊ နိုင်ငံတော်ဝန်ကြီးချုပ် သုံးမည်ရ ရာထူးများဖြင့် ပထမဆုံးအကြိမ် ကာ/လုံအစည်းအဝေး ဦးစီးခေါ်ယူကျင်းပမည်ဖြစ်သည်။

အကြမ်းဖက် မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ် တပ်ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ညီညွတ်ခြင်းမရှိဘဲ လူထု ရွေးကောက်တင်မြှောက်ထားသည့် အစိုးရ ခေါင်းဆောင်များကို ဖမ်းဆီးပြီး စစ်အာဏာ သိမ်းပြီးနောက် ၆ ပြည့်တိုင်း အရေးပေါ် သက်တမ်းတိုးလာခဲ့ခြင်းဖြစ်သည်။

ယာယီသမၼတ၊ ကာကြယ္ေရးဦးစီးခ်ဳပ္၊ ဝန္ႀကီးခ်ဳပ္ သုံးမည္ရ ရာထူး ၃ ခုျဖင့္ အၾကမ္းဖက္ မင္းေအာင္လႈိင္က ကာ/လုံအစည္းအေဝး ေခၚယူ အေရးေပၚ ၆ လ သက္တမ္းတိုးဦးမည္
ရန္ကုန္၊ ဇူလိုင္ ၃၁
အၾကမ္းဖက္ စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္က ယာယီသမၼတ၊ ကာကြယ္ ေရးဦးစီးခ်ဳပ္၊ ဝန္ႀကီးခ်ဳပ္ သုံးမည္ရ ရာထူး ၃ ခု ျဖင့္ ယေန႔ အမ်ိဳးသားကာကြယ္ ေရးႏွင့္လုံၿခဳံေရးေကာင္စီ(ကာ/လုံ) အစည္းအေဝး ေခၚယူၿပီး အေရးေပၚ ၆ လ သက္တမ္းတိုးဦးမည္ျဖစ္သည္။
ဇူလိုင္လ ၂၂ ရက္ေန႔ အၾကမ္းဖက္ မင္းေအာင္လႈိင္က ယာယီသမၼတ ျမင့္ေဆြသည္ လက္ရွိ က်န္းမာေရးအေျခအေနအရ ေဆးကုသမႈ ခံယူေနရ၍ ယာယီသမၼတ ရာထူးႏွင့္တာဝန္မ်ားကို လႊဲေျပာင္းရယူလိုက္ေၾကာင္း ေၾကညာၿပီးေနာက္ ယခုအခါ ယာယီသမၼတရာထူးျဖင့္ ကာ/လုံအစည္းအေဝးကို ေခၚယူ၍ ၆ လ သက္တမ္းတိုးရန္ ရွိေနေၾကာင္း သိရွိရသည္။
အၾကမ္းဖက္စစ္ေကာင္စီေျပာခြင့္ရ ေဇာ္မင္းထြန္းက အၾကမ္းဖက္စစ္ေခါင္း ေဆာင္ မင္းေအာင္လႈိင္တြင္ အေျခခံဥပေဒ ဥပေဒ ပုဒ္မ ၄၁၉ အရ အာဏာ ၃ ရပ္လုံးရွိေနေၾကာင္း၊ ထို႔ေၾကာင့္ ကာ/လုံေခၚယူခ်ိန္တြင္ မင္းေအာင္လႈိင္အေန ျဖင့္ ယာယီသမၼတအေနျဖင့္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
အဖြဲ႕ဝင္ ၁၁ ဦးရွိေသာ ကာ/လုံတြင္ မင္းေအာင္လႈိင္က ယာယီသမၼတ၊ စစ္တပ္ ကာကြယ္ ေရးဦးစီးခ်ဳပ္၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ သုံးမည္ရ ရာထူးမ်ားျဖင့္ ပထမဆုံးအႀကိမ္ ကာ/လုံအစည္းအေဝး ဦးစီးေခၚယူက်င္းပမည္ျဖစ္သည္။
အၾကမ္းဖက္ မင္းေအာင္လႈိင္သည္ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္ တပ္ေရးဆြဲထားေသာ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒႏွင့္ညီၫြတ္ျခင္းမရွိဘဲ လူထု ေ႐ြးေကာက္တင္ေျမႇာက္ထားသည့္ အစိုးရ ေခါင္းေဆာင္မ်ားကို ဖမ္းဆီးၿပီး စစ္အာဏာ သိမ္းၿပီးေနာက္ ၆ ျပည့္တိုင္း အေရးေပၚ သက္တမ္းတိုးလာခဲ့ျခင္းျဖစ္သည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *