AAတို့လည်းအိပ်မနေပါဘူး

AAတို့လည်းအိပ်မနေပါဘူး

ရေကြောင်းဝင်ထွက်စခန်းဖြစ်သည့် မောင်နီစခန်းကို AA သိမ်းပိုက်

ဩဂုတ် ၇

ရခိုင်ပြည်နယ်၊ မောင်တော၊ နတ်မြစ်ဝရှိ မောင်နီရေကြောင်းဝင်ထွက်စခန်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထိန်းချုပ်လိုက်ကြောင်း သိရသည်။

ယမန်နေ့ ဩဂုတ် ၅ ရက်နေ့တွင် မောင်နီစခန်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

မောင်နီစခန်းမှ စစ်ကောင်စီတပ်သားများသည် စခန်းစွန့်ခွာ၍ ကစဉ့်ကလျားထွက်ပြေးသွားကြပြီး မောင်နီရွာနှင့် ရပ်ကွက် ၂ ဈေးနားတွင် AA နှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။

ထို့အပြင် AA က မောင်နီရွာရှိ စစ်ကောင်စီတပ်သားများကို ဒရုန်းဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့ပြီး ထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့များက ကညင်တန်း၊ မောင်နီ၊ ဗိုလ်မှူးရွာ၊ ရပ်ကွက် ၁၊ ၂၊ ၄ တို့အတွင်းသို့ ဝင်ပြေးကြသဖြင့် ဒေသခံပြည်သူများ ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးနားတွင် စုရုံးစစ်ရှောင်နေကြကြောင်း သိရသည်။

“ရပ်ကွက် ၅၊ လသာရပ်ကွက်နဲ့ ဧတာလျာတို့မှာ ဒေသခံတွေပိတ်မိနေတယ်။ ဒီနေ့မနက်ထိ ထွက်ပြေးနေတဲ့ စစ်သားတွေကို AA ကလိုက်ပစ်လို့တိုက်ပွဲအတော် ပြင်းထန်နေတယ်။ စစ်သားတွေက မောင်တောမြို့ထဲကိုဝင်ပြေးတာလည်းရှိတယ်။ သူတို့နဲ့အတူ ARSA နဲ့ ARA တွေလည်း လက်နက်တွေကိုင်ပြီး မောင်တောမြို့ထဲက ဒေသခံတွေကို အကာအကွယ်ယူပြီး မြို့ပေါ် လျှောက်ပြေးနေတယ်”ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။

AA က ပြီးခဲ့သည့် ဩဂုတ် ၃ ရက်နေ့ကလည်း ရွှေဇားရွာရှိ တံတားကိုထိန်းချုပ်လိုက်ပြီး ရွှေဇားရွာအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့များနှင့် ၎င်းတို့လက်နက်တပ်ဆင်ပေးထားသည့် ARAနှင့် ARSAအဖွဲ့များ မောင်တောမြို့အတွင်းသို့ ဝင်ပြေးကြကြောင်း သိရသည်။

လက်ရှိတွင် မောင်တောမြို့ရှိ စခန်းအားလုံးနီးပါးကို AA က ထိန်းချုပ်ထားနိုင်ပြီး လက်ကျန်စခန်းအနည်းငယ်ကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကာ စစ်ကောင်စီတပ်ဖွဲ့ဝင်အများစုမှာ မောင်တောမြို့အတွင်းရှိ အရပ်သားပြည်သူများကို အကာအကွယ်ပြု ထွက်ပြေးနေကြကြောင်း သိရသည်။

May be an image of 1 person and text

ေရေၾကာင္းဝင္ထြက္စခန္းျဖစ္သည့္ ေမာင္နီစခန္းကို AA သိမ္းပိုက္
ဩဂုတ္ ၇
ရခိုင္ျပည္နယ္၊ ေမာင္ေတာ၊ နတ္ျမစ္ဝရွိ ေမာင္နီေရေၾကာင္းဝင္ထြက္စခန္းကို အာရကၡတပ္ေတာ္ AA က သိမ္းပိုက္ထိန္းခ်ဳပ္လိုက္ေၾကာင္း သိရသည္။
ယမန္ေန႔ ဩဂုတ္ ၅ ရက္ေန႔တြင္ ေမာင္နီစခန္းကို AA က ထိုးစစ္ဆင္တိုက္ခိုက္ၿပီး သိမ္းပိုက္လိုက္ျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ေမာင္နီစခန္းမွ စစ္ေကာင္စီတပ္သားမ်ားသည္ စခန္းစြန႔္ခြာ၍ ကစဥ့္ကလ်ားထြက္ေျပးသြားၾကၿပီး ေမာင္နီ႐ြာႏွင့္ ရပ္ကြက္ ၂ ေဈးနားတြင္ AA ႏွင့္ ထိေတြ႕တိုက္ပြဲ ျပင္းထန္စြာ ျဖစ္ပြားေနေၾကာင္း သိရသည္။
ထို႔အျပင္ AA က ေမာင္နီ႐ြာရွိ စစ္ေကာင္စီတပ္သားမ်ားကို ဒ႐ုန္းဗုံးမ်ားျဖင့္ ႀကဲခ်တိုက္ခိုက္ခဲ့ၿပီး ထြက္ေျပးေနသည့္ စစ္ေကာင္စီတပ္ဖြဲ႕မ်ားက ကညင္တန္း၊ ေမာင္နီ၊ ဗိုလ္မႉး႐ြာ၊ ရပ္ကြက္ ၁၊ ၂၊ ၄ တို႔အတြင္းသို႔ ဝင္ေျပးၾကသျဖင့္ ေဒသခံျပည္သူမ်ား ဘဂၤလားေဒ့ရွ္ နယ္စပ္ၿခံစည္း႐ိုးနားတြင္ စု႐ုံးစစ္ေရွာင္ေနၾကေၾကာင္း သိရသည္။
“ရပ္ကြက္ ၅၊ လသာရပ္ကြက္နဲ႔ ဧတာလ်ာတို႔မွာ ေဒသခံေတြပိတ္မိေနတယ္။ ဒီေန႔မနက္ထိ ထြက္ေျပးေနတဲ့ စစ္သားေတြကို AA ကလိုက္ပစ္လို႔တိုက္ပြဲအေတာ္ ျပင္းထန္ေနတယ္။ စစ္သားေတြက ေမာင္ေတာၿမိဳ႕ထဲကိုဝင္ေျပးတာလည္းရွိတယ္။ သူတို႔နဲ႔အတူ ARSA နဲ႔ ARA ေတြလည္း လက္နက္ေတြကိုင္ၿပီး ေမာင္ေတာၿမိဳ႕ထဲက ေဒသခံေတြကို အကာအကြယ္ယူၿပီး ၿမိဳ႕ေပၚ ေလွ်ာက္ေျပးေနတယ္”ဟု ေမာင္ေတာေဒသခံတစ္ဦးက ေျပာသည္။
AA က ၿပီးခဲ့သည့္ ဩဂုတ္ ၃ ရက္ေန႔ကလည္း ေ႐ႊဇား႐ြာရွိ တံတားကိုထိန္းခ်ဳပ္လိုက္ၿပီး ေ႐ႊဇား႐ြာအတြင္းရွိ စစ္ေကာင္စီတပ္ဖြဲ႕မ်ားကို ဝင္ေရာက္တိုက္ခိုက္ရာ စစ္ေကာင္စီတပ္ဖြဲ႕မ်ားႏွင့္ ၎တို႔လက္နက္တပ္ဆင္ေပးထားသည့္ ARAႏွင့္ ARSAအဖြဲ႕မ်ား ေမာင္ေတာၿမိဳ႕အတြင္းသို႔ ဝင္ေျပးၾကေၾကာင္း သိရသည္။
လက္ရွိတြင္ ေမာင္ေတာၿမိဳ႕ရွိ စခန္းအားလုံးနီးပါးကို AA က ထိန္းခ်ဳပ္ထားႏိုင္ၿပီး လက္က်န္စခန္းအနည္းငယ္ကိုလည္း ဆက္လက္ထိုးစစ္ဆင္ တိုက္ခိုက္ေနကာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္အမ်ားစုမွာ ေမာင္ေတာၿမိဳ႕အတြင္းရွိ အရပ္သားျပည္သူမ်ားကို အကာအကြယ္ျပဳ ထြက္ေျပးေနၾကေၾကာင္း သိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *