ထားဝယ်မုန့်ဖက်သုတ်(ရုပ်သံ)

ထားဝယ်မုန့်ဖက်သုတ်(ရုပ်သံ)

ထားဝယ်၊ မောင်မယ်ရှောင်ရွာတွင် ပြည်သူပိုင်ပစ္စည်းများကို လုယက်ခိုးယူနေသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံး (ရုပ်သံ)

ရန်ကုန်၊ ဩဂုတ် ၈

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအတွင်းရှိ နေအိမ်များကို ဖောက်ထွက်ခိုး ယူနေသော အကြမ်းဖက်စစ်တပ် ကို တိုက်ခိုက်ရာ စစ်သား ၁၃ ဦးသေဆုံးခဲ့ ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPPDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၄ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန်က ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင် ကျေးရွာ အတွင်း ယာယီစခန်းချ တပ်စွဲနေထိုင်ပြီး စစ်ဘေးရှောင်နေရသည့် ပြည်သူပိုင် နေအိမ်များကို ဖောက် ထွင်းခိုးယူနေသည့် အကြမ်းဖက်စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၃ ဦး သေဆုံးပြီး ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ထားဝယ်ကရော၊ ရေဖြူကပေါင်းပြီး ဝင်လာတာပါ။ လက်နက်တွေ ရခဲ့တာမျိုးလည်း မရှိဘူး။ ကျနော်တို့ ရဲဘော်တွေအားလုံးလည်း ဘေးကင်းပါတယ်။ အခုထိရွာထဲမှာတော့ ရှိနေသေးတယ် ထင်တယ်” ဟု ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPPDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) ၊ ဓဝယ်အမျိုးသားလွတ်မြောက် ရေး တပ်တော် (DNLA) တပ်ခွဲ ၁ ၊ က္လားသစ္ဆတ်(ကျားသစ်နက်)တပ်ဖွဲ့ နှင့် ဘီလုံးပျောက်ကျားတပ်ဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးများကို အရှိန်အဟုန် တိုးမြင့်စွာ ဆောင်ရွက်နေသည့် အချိန် ဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် စစ်ရေးအထူး အသိ/သတိပြု သွားလာနေထိုင်ကြ ရန် တိုက်တွန်း အသိပေး တိုက်တွန်းထုတ်ပြန်ထားသည်။

ထားဝယ္၊ ေမာင္မယ္ေရွာင္႐ြာတြင္ ျပည္သူပိုင္ပစၥည္းမ်ားကို လုယက္ခိုးယူေနေသာ စစ္ေၾကာင္းကို တိုက္ခိုက္မႈ စစ္သား ၁၃ ဦးေသဆုံး
ရန္ကုန္၊ ဩဂုတ္ ၈
တနသၤာရီတိုင္း၊ ထားဝယ္ၿမိဳ႕နယ္၊ ေမာင္မယ္ေရွာင္ေက်း႐ြာအတြင္းရွိ ေနအိမ္မ်ားကို ေဖာက္ထြက္ခိုး ယူေနေသာ အၾကမ္းဖက္စစ္တပ္ ကို တိုက္ခိုက္ရာ စစ္သား ၁၃ ဦးေသဆုံးခဲ့ ေၾကာင္း ေရျဖဴျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ – YPPDF မွ တာဝန္ရွိသူတစ္ဦးက ရန္ကုန္ေခတ္သစ္ သတင္းဌာနထံသို႔ ေျပာၾကားသည္။
ဩဂုတ္လ ၄ ရက္ မြန္းလြဲ ၁၂ နာရီ ၅၀ မိနစ္အခ်ိန္က ထားဝယ္ၿမိဳ႕နယ္၊ ေမာင္မယ္ေရွာင္ ေက်း႐ြာ အတြင္း ယာယီစခန္းခ် တပ္စြဲေနထိုင္ၿပီး စစ္ေဘးေရွာင္ေနရသည့္ ျပည္သူပိုင္ ေနအိမ္မ်ားကို ေဖာက္ ထြင္းခိုးယူေနသည့္ အၾကမ္းဖက္စစ္သားမ်ားကို ပစ္ခတ္တိုက္ခိုက္ခဲ့ရာ အၾကမ္းဖက္စစ္သား ၁၃ ဦး ေသဆုံးၿပီး ၂၀ ဦးခန႔္ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
“ထားဝယ္ကေရာ၊ ေရျဖဴကေပါင္းၿပီး ဝင္လာတာပါ။ လက္နက္ေတြ ရခဲ့တာမ်ိဳးလည္း မရွိဘူး။ က်ေနာ္တို႔ ရဲေဘာ္ေတြအားလုံးလည္း ေဘးကင္းပါတယ္။ အခုထိ႐ြာထဲမွာေတာ့ ရွိေနေသးတယ္ ထင္တယ္” ဟု ေရျဖဴျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ – YPPDF မွ တာဝန္ရွိသူတစ္ဦးက ရန္ကုန္ ေခတ္သစ္ သတင္းဌာနထံသို႔ ေျပာၾကားသည္။
အဆိုပါ တိုက္ခိုက္မႈကို ေရျဖဴျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (YPPDF) ၊ ဓဝယ္အမ်ိဳးသားလြတ္ေျမာက္ ေရး တပ္ေတာ္ (DNLA) တပ္ခြဲ ၁ ၊ ကႅားသစၦတ္(က်ားသစ္နက္)တပ္ဖြဲ႕ ႏွင့္ ဘီလုံးေပ်ာက္က်ားတပ္ဖြဲ႕ တို႔ပူးေပါင္းကာ တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ စစ္ဆင္ေရးမ်ားကို အရွိန္အဟုန္ တိုးျမင့္စြာ ေဆာင္႐ြက္ေနသည့္ အခ်ိန္ ျဖစ္ေသာေၾကာင့္ ျပည္သူမ်ား အေနျဖင့္ စစ္ေရးအထူး အသိ/သတိျပဳ သြားလာေနထိုင္ၾက ရန္ တိုက္တြန္း အသိေပး တိုက္တြန္းထုတ္ျပန္ထားသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *