ပါမောက္ခချုပ်ဆရာတော်ကြီး၏ အစ်မတော် သီလရှင် ဆရာကြီး ဒေါ်ကဉ္ဇနာ ပျံလွန်တော်မူ

ပါမောက္ခချုပ်ဆရာတော်ကြီး၏ အစ်မတော် သီလရှင် ဆရာကြီး ဒေါ်ကဉ္ဇနာ သက်တော်(၉၇)နှစ်အရွယ်တွင် ပျံလွန်တော်မူ မဟာသုဗောဓာရုံ ကျောင်းတိုက်ကြီးများ၏ ပဓာနနာယက၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌမဟာနာယက၊ အဘိဓဇမဟာရဋ္ဌ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ၏ အစ်မတော် သီလရှင် ဆရာကြီး ဒေါ်ကဉ္ဇနာသည် ယနေ့(အောက်တိုဘာ ၅ ရက်) မြန်မာသက္ကရာဇ် တော်သလင်းလပြည့်ကျော် ၆ ရက် နံနက် ၅ နာရီ ၅ မိနစ်တွင် ပျံလွန်တော်မူသွားကြောင်း ဆရာတော်ကြီး၏ ကပ္ပိယတစ်ဦးဖြစ်သည့် ကိုချမ်းမြေ့အောင်က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ဆရာကြီး ဒေါ်ကဉ္ဇနာသည်ပျံလွန်တော်မူချိန်တွင်သက်တော်(၉၇)နှစ်အရွယ်ရှိပြီဖြစ်သည်။ ဆရာကြီး ဒေါ်ကဉ္စနလောင်းလျာ လူအမည်မသိန်းကြည်ကို မြန်မာသက္ကရာဇ် ၁၂၈၉ ခုနှစ် ဝါဆိုလပြည့်ကျော် ၅ ရက် တနင်္လာနေ့ နံနက် ၅ နာရီတွင် ဖခမည်းတော် ဦးစံလှ မယ်တော်ဒေါ်ခင်တို့က မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ညောင်ပင်ရွာတွင် ဖွားမြင်ပြီး မွေးချင်း ၁၂ ယောက်အနက် လေးယောက်မြောက်ဖြစ်သည်။

ဒေါ်ကဉ္ဇနာလောင်းလျာသည် မြန်မာသက္ကရာဇ် ၁၃၀၃ ခုနှစ် နယုန်လဆန်း ၈ ရက် အသက် ၁၄ နှစ်အရွယ်တွင် စစ်ကိုင်းတောင်ရိုး ဝိပဿနာ ဂန္ဓာရုံချောင် ပဌမဝိဿနာဆရာတော် အရှင်ဣန္ဒာဘသထံ သီလရှင်အဖြစ်ခံယူပြီး ဘွဲ့အမည်မှာ မကုသလဟု မှည့်ခေါ်ခဲ့သော်လည်း အခြားသီလရှင်ဆရာကြီးများက မကဉ္ဇာနာဟု ခေါ်တွင်ရာမှ နောက်ပိုင်းတွင် ကဉ္ဇာနာ အမည်ဖြင့်ဘွဲ့ အမည်တွင်ခဲ့သည်။

ဆရာကွီးဒေါျကဉ်ဇနာသညျ ငယျစဥျ ဆရာလေးဘဝက စာခဆြရာ ဒေါျဘဒ်ဒဝါသီ၊ ဒေါျဧသိဂျီ၊ ဒေါျကလောသာသီတို့ထံမှ သဒ်ဒါသဂျွိုလျစာဝါမြားကိုလညျးကောငျး၊ စံကငျးဆရာတောျထံမှရူပသိဒ်ဓိကမြျးကိုလညျးကောငျး၊ အဘယာရာမ ဆရာတော်ထံမှလည်းကောင်း မောဂ္ဂလာန်သဒ္ဒါကျမ်းကိုလည်းကောင်း၊ ကွမ်းခြံကုန်းဆရာတော်ဦးသီလဝံသထံမှ ယမိုက်ကျမ်းကိုလည်းကောင်း သင်ယူခဲ့ပြိး ကမ္ပဋ္ဌာန်းဘာဝနာ ပွားများခြင်းဖြင့် စစ်ကိုင်းတောင်ရိုး ဝိပဿနာချောင်၌ နေထိုင်ခဲ့သည်။

ထို့နောက် ရှင်နန္ဒမာလာ(ယခုပါမောက္ခချုပ်ဆရာတော်ကြီး)နှင့် အခြားအစ်ကိုနှင့် မောင်များ၊ ဖခမည်းတော်၊ မယ်တော်တို့သည် သာသနာဘောင်သို့ဝင်ရောက်လာပြီး ဒေါ်ကဉ္ဇနာကို အကြောင်းပြု၍ ဝိပဿနာချောင်တွင် နေထိုင်သတင်းသုံးကာ ပရိယတ္တိပဋိပတ် လုပ်ငန်းများကို ဆောင်ရွက်တော်မူကြသည်။

ယင်းနောက် မိသားစုများ စုပေါင်းသာသနာပြုနိုင်ရန် ဒေါ်ကဉ္ဇနာ၏ မယ်တော်ကြီးက ၁၃၁၉ ခုနှစ်တွင် သုဗောဓာရုံကျောင်းတိုက်တည်ရာ မြေနေရာကိုတွေ့ရှိ ရွေးချယ်၍ ကျောင်းတိုက်တည်ခဲ့ပြီး ဝိဿနာချောင်မှ သုဗောဓာရုံကျောင်းသို့ ပြောင်းရွှေ့သတင်းသုံးခဲ့ကြကာ ထိုစဉ်မှစ၍ ဆရာကြီးဒေါ်ကဉ္ဇနာသည် ယခုပျံလွန်တော်မူချိန်အထိ မဟာသုဗောဓာရုံကျောင်းတိုက် ကဉ္ဇာနာရာမချောင်တွင် သတင်းသုံးနေထိုင်တော်မူခဲ့ပြီး ယနေ့တွင် တစ်ဘဝတစ်ခန္ဓာချုပ်သိမ်းတော်မူသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *