လားရှိုးမြို့ကတော့ အတော်လှနေဘီ

လားရှိုးမြို့ကတော့ အတော်လှနေဘီ

◼️လားရှိုးမြို့ရဲ့ အရေးပါတဲ့ အထင်ကရနေရာတွေမှာ အထူးဒေသအလံနဲ့ MNDAA အလံ လွှင့်ထူ

‌၁၀ ဩဂုတ် ||| နွေဦးအသံ |||

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရဲ့ အရေးပါတဲ့ အထင်ကရ နေရာတွေမှာ ပြည်ထောင်စု မြန်မာနိုင်ငံ အထူးဒေသအလံနဲ့ MNDAA တပ်မတော် အလံတွေကို ဩဂုတ် ၈ ရက်မှာ လွှင့်တင်လိုက်တယ်လို့ သိရပါတယ်။

နောင်မွန်မှ လားရှိုးလမ်းတလျှောက် ဟိုပိတ်ဒေသနဲ့ ယူနန်ဒေသရဲ့ အရေးကြီး အထင်ကရ နေရာတွေမှာ ပြည်ထောင်စု မြန်မာနိုင်ငံ အထူးဒေသအလံနဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA အလံတွေကို လွှင့်တင်ခဲ့တယ်လို့ ဆိုပါတယ်။

လွှင့်တင်ထားတဲ့ အထူးဒေသအလံနဲ့ MNDAA တပ်မတော် အလံတွေဟာ တော်လှန်ရေးစိတ်ဓာတ်နဲ့ယုံကြည်ချက်တရပ်ကို ကိုယ်စားပြုပြီး အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဲ့ မြင့်မားတဲ့အခွင့်အရေးနဲ့အကျိုးစီးပွားတွေကို ကာကွယ်ဖို့ အထူးဒေသ ၁ ရဲ့ သန္ဓိဌာန်ကို ပြသပြီး တပ်မတော်နဲ့ပြည်သူတွေအကြားမှစည်းလုံးညီညွတ်မှုနဲ့ တိုးတတ်မှုကိုပြသတယ်လို့ MNDAA မှ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *