လက်လေးမြောက်လို့ ကြောက်ပါပီပေါ့🐕🐕🐕

လက်လေးမြောက်လို့ ကြောက်ပါပီပေါ့🐕🐕🐕

ပခုက္ကူမှာ စစ်အုပ်စု ယာဉ်တန်းကို မိုင်းဖောက်ခွဲပြီး အနီးကပ် တိုက်ခိုက်စစ်အုပ်စု (၂၀)ကျော် သေပြီး ငါးယောက် အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေရ

ဩဂုတ် ၁၁

မကွေးတိုင်း ပခုက္ကူမြို့ကနေ ရေစကြိုမြို့ဘက် သွားလာနေတဲ့ စစ်အုပ်စု ကားသုံးစီးကို မနေ့က နေ့လည်ပိုင်း မိုင်းဆွဲပြီး အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု (၂၅)ယောက် သေ၊ ငါးယောက် အရှင် ဖမ်းမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိတယ်လို့ ရေစကြိုနယ် Southern YSO PDF က သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ်(၁၀)ရက် နေ့လည်(၁)နာရီခန့်က ပခုက္ကူမြို့ကနေ ရေစကြိုမြို့ဘက် လာတဲ့ စစ်အုပ်စု အင်အား(၁၀၀)ခန့်ပါ ကားသုံးစီးကို တော်လှန်ရေး တပ်ဖွဲ့တွေက မိုင်းဖောက်ခွဲပြီးနောက် အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။စစ်အုပ်စု ကားသုံးစင်းမှာ ဒုတိယတစ်စင်းနဲ့ တတိယတစ်စင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အနီးကပ် ပစ်ခက်နိုင်ခဲ့ကာ ဒုတိယကားမှာ ကားသမား မထိခိုက်တဲ့အတွက် မောင်းထွက်သွားနိုင်ပေမယ့် တတိယမြောက် ကားကိုတော့ သိမ်းဆည်း ရခဲ့တယ်လို့ Southern YSO PDF အဖွဲ့ တာဝန်ခံ ကိုအောင်မောင်းက ပြောပါတယ်။

“အဓိကကတော့ ပစ်တာပေါ့၊ ပထမတစ်စီးနဲ့ ဒုတိယတစ်စီးကို ဖြတ်နိုင်ခဲ့တယ်ပေါ့ ၊ဖြတ်တောက်တော့ ကျတော့ ဒုတိယကားနဲ့ တတိယကားကို လုံးတာ။ ဒုတိယကားက အထိအခိုက် တော်တော်များတယ်၊ ကားသမား မသေတဲ့အတွက် ထပ်မောင်းပြေးတဲ့ အနေအထားပေါ့၊ တတိယကားကိုတော့ အရအမိ လုံးနိုင်ခဲ့တယ်”လို့ ကိုအောင်မောင်းက ပြောပါတယ်။ စစ်အုပ်စု ကားကို အနီးကပ် ပစ်ခက်တာကြောင့် စစ်အုပ်စု (၂၀)ယောက်ခန့်ပါတဲ့ တတိယမြောက်ကား တစ်စင်းမှာ လမ်းဘေးကို ထိုးကျသွားပြီး (၁၀)ယောက်အသေနဲ့ ငါးယောက် အရှင်ဖမ်းမိကာ ကျန်တဲ့ ငါးယောက်မှာ ဒဏ်ရာတွေနဲ့ သေနတ်တွေ ယူပြီး ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

စစ်အုပ်စု ဒုတိယမြောက်ကားက မောင်းထွက်သွားနိုင်ပေမယ့် သေဆုံးဒဏ်ရာရသူ အများအပြား ရှိနိုင်တာကြောင့် မနေ့က တိုက်ခိုက်မှုမှာ စစ်အုပ်စု (၂၅)ယောက်ခန့် သေဆုံးတယ်လို့ ပြောလို့ရတယ်လို့ ဆိုပါတယ်။ သိမ်းဆည်း ရမိတဲ့ ကားနဲ့ ဖမ်းမိသူတွေရဲ့ အဆိုအရ ကားပေါ်ပါသူတွေဟာ ရဲနဲ့ စစ်သားသစ် စုဆောင်းခံရသူတွေ ဖြစ်တယ်လို့ Southern YSO PDF က ဆိုပါတယ်။

အဲဒီစစ်ဆင်ရေးကို Southern YSO PDF အဖွဲ့ရဲ့ နတ်မိချောင်းစစ်ဆင်ရေး စစ်ကြောင်းက ဦးဆောင်ပြီး BNRA၊ မြိုင်-ပကဖ၊ ပြည့်သူ့အားမန်၊ MVP အဖွဲ့နဲ့ အလင်းတန်း ပြောက်ကျားအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရေစကြိုနယ် စစ်ကားတန်းကို တိုက်ခိုက်ရာက သိမ်းဆည်းရရှိတဲ့ လက်နက်နဲ့ ဖမ်းမိတဲ့ စစ်အုပ်စု/Photo – Southern YSO PDF

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *