ဘဲဥကြော်လေးပြောင်းစားရတော့မယ်😄😄😄

ဘဲဥကြော်လေးပြောင်းစားရတော့မယ်😄😄😄

မန္တလေးက ယာဉ်ထိန်းရဲများကို ရှေ့တန်းပို့ရန်ပြင်ဆင်

ဩဂုတ်လ ၁၂

မန္တလေးက ယာဉ်ထိန်းရဲတွေကိုပါ စစ်ကောင်စီက ရှေ့တန်းပို့ဖို့ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ပြင်ဦးလွင်မှာတော့ အနီးတဝိုက်မှာ ထိတွေ့မှုတွေဆက်တိုက်ဖြစ်နေလို့ အခြေခံလူတန်းစား အများစုပဲ မြို့မှာ ကျန်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီက မန္တလေးမြို့အတွက် အင်အားမလုံလောက်တာကြောင့် ယာဉ်ထိန်းရဲတွေကိုပါ ရှေ့တန်းပို့နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။

ပြင်ဦးလွင်က စစ်တပ်မိသားစုတွေနဲ့ ရှမ်းပြည်၊ ကျောက်မဲမြို့က ဝန်ထမ်းတွေ မန္တလေးဘက် ဆင်းလာတာ၊ အရေးပေါ်အခြေအနေမှာ စာရွက်စာတမ်းတွေနဲ့ ရုံးသုံးပစ္စည်းတွေ ထိန်းသိမ်းဖို့ ညွှန်ကြားချက်တွေထွက်ပေါ်နေတာ၊ မြို့ဝင်မြို့ထွက်ဂိတ်တွေမှာ လုံခြုံရေးတင်းကျပ်နေတာ၊ မြို့တွင်းမှာ စစ်ကားတွေ ကင်းလှည့်နေတာတွေကြောင့် မန္တလေးမြို့မှာ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ မတ္တရာ PDF တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်အောင်လွင်ကို မိုးကုတ်ဗျူဟာ ကျရှုံးတာနဲ့ အမိန့်မနာခံတာတွေကြောင့် စစ်ခုံရုံးတင်စစ်ဆေးနေပြီး တပ်တွင်း မတည်ငြိမ်တာတွေလည်း ဖြစ်ပေါ်နေတာပါ။

မတ္တရာ PDF တာဝန်ရှိသူတယောက်ဖြစ်တဲ့ ဦးတိုးက မော်တော်ပီကယ်တွေရဲ့ ဖမ်းဆီးမှုက တော်တော်လေးလျော့ကျသွားတယ်။ ယာဉ်ထိန်းရဲတွေနေတဲ့လိုင်းခန်းတွေ အရွှေ့အပြောင်းဖြစ်လို့ ဆိုတဲ့အကြောင်းရင်း၊ နောက်တခါ ဒီကောင်တွေ ရှေ့တန်းမှာလူမရှိလို့ လိုက်သွားရပြီ ဆိုတဲ့အကြောင်းရင်း၊ ဝေဖန်ပြောဆိုမှုတွေကတော့ အများကြီးထွက်နေတာပဲ လို့ ပြောပါတယ်။
မန္တလေးမှာလည်း လတ်တလောဖြစ်နေတဲ့ အခြေအနေတွေနဲ့ စစ်တပ်ဘက်က လှုပ်ရှားမှုတွေကြောင့် ဂယက်ရိုက်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။

ဦးတိုးက ဒုတိုင်းမှူးအောင်လွင်ကလည်း မိုးကုတ်ဗျူဟာကျလို့ ဇုန်ခုံတက်နေရတယ်။ အဲဒီ ဇုန်ခုံတက်တဲ့ ကိစ္စနဲ့ပတ်သက်လို့ လက်ရှိပြောင်းလာတဲ့ တိုင်းမှူးအောင်ခိုင်ဝင်းကိုလည်း ဂယက်ရိုက်တာတွေ ရှိနေတယ်ဆိုတဲ့ သတင်းထွက်နေတာရှိတယ်။ ဆိုတော့ အကုန်လုံးကို သုံးသပ်ရရင်တော့ မြို့မျက်နှာ တိုင်းပြည်မျက်နှာကိုကြည့်ပြီးတော့ အလံဖြူထောင်လိုက်ပါလို့ ပြောချင်တာပဲ။ လပခတိုင်းမှူးနဲ့ ဒုတိုင်းမှူးနဲ့ အဖွဲ့ဝင်အားလုံး အလံဖြူထောင်လိုက်ကြပါ လို့ ပြောပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *