အောင်ဇေယျပြီးတော့ ဆင်ဖြူရှင်လာပြန်ပြီး

အောင်ဇေယျပြီးတော့ ဆင်ဖြူရှင်လာပြန်ပြီး

ဒုချုပ်စိုးဝင်း၏ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကြီး ဖွဲ့စည်းပျက်ကာ တပ်ဆုတ်ခဲ့ပြီးနောက် ‌ဆင်ဖြူရှင်စစ်ကြောင်းကို ထပ်မံဖွဲ့စည်းပြန်

ဩဂုတ် ၂၀

ရှမ်းမြောက်တစ်ခုလုံးနီးပါး ဆုံးရှုံးလိုက်ရသည့် စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်ရန် ဆင်ဖြူရှင် စစ်ဆင်ရေးဟုဆိုကာ ဒုကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်သည့် စစ်ဆင် ရေးတစ်ခု ဖော်ဆောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၃ ရက်နေ့က ဆင်ဖြူရှင်စစ်ဆင်ရေးကို ဖွဲ့စည်းခဲ့ပြီး အဆိုပါစစ်ဆင်ရေးကို ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုယ်တိုင် ဦးဆောင်မည်ဖြစ်ကြောင်း တပ်တွင်းသတင်းရင်း မြစ်ထံက သိရသည်။

ဒုချုပ်စိုးဝင်းကိုယ်တိုင် ဦးဆောင်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ခန်းမတွင် စစ်ဆင်ရေးအထူး တပ်ဖွဲ့မှူး (ကစထမှူး)များ၊ တိုင်းမှူးများ၊ ကာကွယ်ရေးဦးစီးချုပ်(လေ)မှ ဗိုလ်ချုပ်များ၊ ဒရုန်းနည်းပညာ တပ်ဖွဲ့မှ ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ်များ ပါဝင်သည့် အစည်း အဝေးတွင် ဆင်ဖြူရှင်စစ်ဆင်ရေး ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

အဆိုပါ ဆင်ဖြူရှင်စစ်ဆင်ရေးတွင် ဒုချုပ်စိုးဝင်းက လေကြောင်းဖြင့် တိုက်ခိုက်မှုကို အဓိကထား လုပ်ဆောင်မည့်ပုံပေါ်ပြီး ဒရုန်းနည်းပညာဖြင့် တိုက်ခိုက်မှုများကို အဓိကထားပြင်ဆင်နေကြောင်း သိရသည်။

“လေတပ်ကကြီးပဲ ဗိုလ်ချုပ် သုံး ယောက်၊ ဒရုန်းနည်း ပညာဘက်က ဗိုလ်ချုပ်နဲ့ ဗိုလ်မှူး လေး ယောက်တက်ခိုင်းတာဆိုတော့ အခုစစ်ဆင်ရေးကို လေကြောင်းက အဓိကပစ်မှတ်ထား တိုက်ပွဲဖော် ဆောင်မယ့်ပုံပေါ်နေတယ်။ တိုင်းမှူးလေးယောက်မှာ အခုစစ်ရှုံးသွားပြီးတော့မှထပ်ခန့်တဲ့ ရမခတိုင်းမှူး ပါတက်တယ်။ ရှမ်းမြောက်ကို အလုံးအရင်းဝင်တိုက်ဖို့ပြင်နေတယ်လို့လည်း သိထားတယ်”ဟု တပ်သတင်းရင်းမြစ်က ပြော သည်။

ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယခု ဆင်ဖြူရှင်စစ် ဆင်ရေးကို မဖွဲ့စည်းခင် မြဝတီမြို့ရှိ မြို့စောင့်တပ်ကို စစ်ကူရန်ဟုဆိုကာ အောင်ဇေယျစစ်ကြောင်းကိုလည်း နိုင်ငံတော်အဆင့်ဖွဲ့စည်းခဲ့သည်။

မြဝတီမြို့သိမ်းတိုက်ပွဲ ဖြစ်ပွားနေစဉ် ဒုချုပ်စိုးဝင်းက တော်လှန်ရေးတပ်ဖွဲ့များကို တန်ပြန်တိုက်ခိုက်ရန် ဟုဆိုကာ ဧပြီဒုတိယပတ်၌ မွန်ပြည်နယ်ရှိ ရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းရုံးအတွင်း အစည်း အဝေးထိုင်ကာ အင်အား ၁၀၀၀ ခန့်ရှိ တင့်ကားအပါအဝင် စစ် လက်နက်ပစ္စည်းအပြည့်အစုံပါသည့် နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို ဘားအံမှတဆင့် မြဝတီမြို့သို့ စေလွှတ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ရှားထူးဝေါနည်းပညာဖြင့် တိုက်ခိုက်သည့် ဒရုန်းဗုံးကြောင့် ဒုချုပ်စိုးဝင်းမှာ လူမြင်ကွင်းကနေ၍ လအတန် ကြာပျောက်ကွယ်ခဲ့သည်။

ဒုချုပ်စိုးဝင်းဦးဆောင်သည့် အောင်ဇေယျစစ်ကြောင်းသည် နာရီအနည်းငယ်သာသွားရမည့် လမ်းကြောင်းကို ၄ လကြာချီတက်ခဲ့ရပြီး မြဝတီသို့မရောက်ဘဲ ကော့ကရိတ်မြို့ ဒေါနတောင်ခြေတွင် တပ်ဖွဲ့စည်းပုံပါ ပျက်စီးကာ နောက်ကြောင်းပြန်လှည့်ခဲ့ရသည်အထိ ရှုံးနိမ့်ခဲ့ရသည်။

ယခုအခါတွင် ဒုချုပ်စိုးဝင်းက အောင်ဇေယျစစ်ကြောင်း ပျက်စီးသွားပြီးနောက် ရှမ်းမြောက် ကိုထိုးစစ်ဆင်ရန် ဆင်ဖြူရှင်စစ်ဆင်‌ရေးကို ဦးဆောင်ပြီးထပ်မံ ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် စစ်ရေးပြင်းထန်နေသည့် ရခိုင်၊ ကချင်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေးတို့ကို ထိုး စစ်ဆင်ရန် ဘုရင့်နောင်စစ်ဆင်ရေးကိုလည်း ထပ်မံဖွဲ့စည်းဦးမည်ဖြစ်ကြောင်း သိရသည်။

ပုံစာ-မင်္ဂလာဒုံရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီးတွင် တွေ့ရသည့် ဒုတိယဗိုလ်ချုပ်မှူး ကြီးစိုးဝင်း (၂၀၂၄၊ မေ ၁၃)

ဒုခ်ဳပ္စိုးဝင္း၏ ႏိုင္ငံေတာ္အဆင့္ ေအာင္ေဇယ်စစ္ေၾကာင္းႀကီး ဖြဲ႕စည္းပ်က္ကာ တပ္ဆုတ္ခဲ့ၿပီးေနာက္ ‌ဆင္ျဖဴရွင္စစ္ေၾကာင္းကို ထပ္မံဖြဲ႕စည္းျပန္
ဩဂုတ္ ၂၀
ရွမ္းေျမာက္တစ္ခုလုံးနီးပါး ဆုံးရႈံးလိုက္ရသည့္ စစ္ေကာင္စီက ျပန္လည္ထိုးစစ္ဆင္ရန္ ဆင္ျဖဴရွင္ စစ္ဆင္ေရးဟုဆိုကာ ဒုကာကြယ္ေရးဦးစီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္း ဦးေဆာင္သည့္ စစ္ဆင္ ေရးတစ္ခု ေဖာ္ေဆာင္ေနေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ဩဂုတ္ ၁၃ ရက္ေန႔က ဆင္ျဖဴရွင္စစ္ဆင္ေရးကို ဖြဲ႕စည္းခဲ့ၿပီး အဆိုပါစစ္ဆင္ေရးကို ဒုစစ္ေခါင္းေဆာင္ ဒုဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းကိုယ္တိုင္ ဦးေဆာင္မည္ျဖစ္ေၾကာင္း တပ္တြင္းသတင္းရင္း ျမစ္ထံက သိရသည္။
ဒုခ်ဳပ္စိုးဝင္းကိုယ္တိုင္ ဦးေဆာင္၍ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)ခန္းမတြင္ စစ္ဆင္ေရးအထူး တပ္ဖြဲ႕မႉး (ကစထမႉး)မ်ား၊ တိုင္းမႉးမ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)မွ ဗိုလ္ခ်ဳပ္မ်ား၊ ဒ႐ုန္းနည္းပညာ တပ္ဖြဲ႕မွ ဗိုလ္ခ်ဳပ္ႏွင့္ ဗိုလ္မႉးခ်ဳပ္မ်ား ပါဝင္သည့္ အစည္း အေဝးတြင္ ဆင္ျဖဴရွင္စစ္ဆင္ေရး ဖြဲ႕စည္းခဲ့သည္ဟု သိရသည္။
အဆိုပါ ဆင္ျဖဴရွင္စစ္ဆင္ေရးတြင္ ဒုခ်ဳပ္စိုးဝင္းက ေလေၾကာင္းျဖင့္ တိုက္ခိုက္မႈကို အဓိကထား လုပ္ေဆာင္မည့္ပုံေပၚၿပီး ဒ႐ုန္းနည္းပညာျဖင့္ တိုက္ခိုက္မႈမ်ားကို အဓိကထားျပင္ဆင္ေနေၾကာင္း သိရသည္။
“ေလတပ္ကႀကီးပဲ ဗိုလ္ခ်ဳပ္ သုံး ေယာက္၊ ဒ႐ုန္းနည္း ပညာဘက္က ဗိုလ္ခ်ဳပ္နဲ႔ ဗိုလ္မႉး ေလး ေယာက္တက္ခိုင္းတာဆိုေတာ့ အခုစစ္ဆင္ေရးကို ေလေၾကာင္းက အဓိကပစ္မွတ္ထား တိုက္ပြဲေဖာ္ ေဆာင္မယ့္ပုံေပၚေနတယ္။ တိုင္းမႉးေလးေယာက္မွာ အခုစစ္ရႈံးသြားၿပီးေတာ့မွထပ္ခန႔္တဲ့ ရမခတိုင္းမႉး ပါတက္တယ္။ ရွမ္းေျမာက္ကို အလုံးအရင္းဝင္တိုက္ဖို႔ျပင္ေနတယ္လို႔လည္း သိထားတယ္”ဟု တပ္သတင္းရင္းျမစ္က ေျပာ သည္။
ဒုဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းသည္ ယခု ဆင္ျဖဴရွင္စစ္ ဆင္ေရးကို မဖြဲ႕စည္းခင္ ျမဝတီၿမိဳ႕ရွိ ၿမိဳ႕ေစာင့္တပ္ကို စစ္ကူရန္ဟုဆိုကာ ေအာင္ေဇယ်စစ္ေၾကာင္းကိုလည္း ႏိုင္ငံေတာ္အဆင့္ဖြဲ႕စည္းခဲ့သည္။
ျမဝတီၿမိဳ႕သိမ္းတိုက္ပြဲ ျဖစ္ပြားေနစဥ္ ဒုခ်ဳပ္စိုးဝင္းက ေတာ္လွန္ေရးတပ္ဖြဲ႕မ်ားကို တန္ျပန္တိုက္ခိုက္ရန္ ဟုဆိုကာ ဧၿပီဒုတိယပတ္၌ မြန္ျပည္နယ္ရွိ ေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္ တိုင္း႐ုံးအတြင္း အစည္း အေဝးထိုင္ကာ အင္အား ၁၀၀၀ ခန႔္ရွိ တင့္ကားအပါအဝင္ စစ္ လက္နက္ပစၥည္းအျပည့္အစုံပါသည့္ ႏိုင္ငံေတာ္အဆင့္ ေအာင္ေဇယ်စစ္ေၾကာင္းကို ဘားအံမွတဆင့္ ျမဝတီၿမိဳ႕သို႔ ေစလႊတ္ခဲ့သည္။
အဆိုပါအစည္းအေဝးတြင္ ရွားထူးေဝါနည္းပညာျဖင့္ တိုက္ခိုက္သည့္ ဒ႐ုန္းဗုံးေၾကာင့္ ဒုခ်ဳပ္စိုးဝင္းမွာ လူျမင္ကြင္းကေန၍ လအတန္ ၾကာေပ်ာက္ကြယ္ခဲ့သည္။
ဒုခ်ဳပ္စိုးဝင္းဦးေဆာင္သည့္ ေအာင္ေဇယ်စစ္ေၾကာင္းသည္ နာရီအနည္းငယ္သာသြားရမည့္ လမ္းေၾကာင္းကို ၄ လၾကာခ်ီတက္ခဲ့ရၿပီး ျမဝတီသို႔မေရာက္ဘဲ ေကာ့ကရိတ္ၿမိဳ႕ ေဒါနေတာင္ေျခတြင္ တပ္ဖြဲ႕စည္းပုံပါ ပ်က္စီးကာ ေနာက္ေၾကာင္းျပန္လွည့္ခဲ့ရသည္အထိ ရႈံးနိမ့္ခဲ့ရသည္။
ယခုအခါတြင္ ဒုခ်ဳပ္စိုးဝင္းက ေအာင္ေဇယ်စစ္ေၾကာင္း ပ်က္စီးသြားၿပီးေနာက္ ရွမ္းေျမာက္ ကိုထိုးစစ္ဆင္ရန္ ဆင္ျဖဴရွင္စစ္ဆင္‌ေရးကို ဦးေဆာင္ၿပီးထပ္မံ ဖြဲ႕စည္းလိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။
လတ္တေလာတြင္ စစ္ေရးျပင္းထန္ေနသည့္ ရခိုင္၊ ကခ်င္၊ စစ္ကိုင္း၊ မႏၲေလး၊ မေကြးတို႔ကို ထိုး စစ္ဆင္ရန္ ဘုရင့္ေနာင္စစ္ဆင္ေရးကိုလည္း ထပ္မံဖြဲ႕စည္းဦးမည္ျဖစ္ေၾကာင္း သိရသည္။
ပုံစာ-မဂၤလာဒုံရွိ တပ္မေတာ္အ႐ိုးေရာဂါအထူးကုေဆး႐ုံႀကီးတြင္ ေတြ႕ရသည့္ ဒုတိယဗိုလ္ခ်ဳပ္မႉး ႀကီးစိုးဝင္း (၂၀၂၄၊ ေမ ၁၃)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *