သတိပြုကြပါ မကြာခင်မြန်နိုင်ငံရောက်လာတော့မည့်ရောဂါ

သတိပြုကြပါ မကြာခင်မြန်နိုင်ငံရောက်လာတော့မည့်ရောဂါ

🚨 တကျော့ပြန်ချိန်းခြောက်လာတဲ့ ကမ္ဘာ့ကူးစက်ရောဂါပိုး မျောက်ကျောက်ရောဂါ (Monkeypox) အထူးသတိပြုပါ

🚨 အာဖရိကတိုက်တွင် လူပေါင်းရာချီကာ သေဆုံးမှုဖြစ်လာစေတဲ့ မျောက်ကျောက်ရောဂါ ကူးစက်မှုကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် WHO က ကြေညာလိုက်ပြီဖြစ်ပါတယ်။ မျောက်ကျောက်ရောဂါ (Monkeypox Virus Infection) သည် တိရစ္ဆာန်များမှတစ်ဆင့် သယ်ဆောင်လာသည့် ဗိုင်းရပ်စ်ပိုး Orthopoxvirus က လူသို့ ကူးစက်ရာမှ ဖြစ်ပွားသော ကျောက်ရောဂါတစ်မျိုး ဖြစ်ပြီး ကျောက်ကြီးရောဂါ (Smallpox) လောက် မပြင်းထန်သော်လည်း ရောဂါလက္ခဏာများမှာ ကျောက်ကြီးရောဂါနှင့် ဆင်တူပါတယ်။ယင်းဗိုင်းရပ်စ်ပိုးသည် ကြွက်၊ ရှဉ့်၊ မျောက်နှင့် အခြားသော လူမဟုတ်သည့် နို့တိုက်သတ္တဝါများမှတစ်ဆင့် ကူးစက်ဖြစ်ပွားစေနိုင်ပါသည်။ရောဂါကူးစက်နိုင်သောနည်းလမ်းများ**************************************

(၁) တိရစ္ဆာန်မှတစ်ဆင့် လူကို ကူးစက်ခြင်း

⚠️ရောဂါကူးစက်ခံထားရသော တိရစ္ဆာန်များ၏ သွေး၊ ခန္ဓာကိုယ်မှထွက်သော အရည်များ၊ (သို့မဟုတ်) အနာများအား ထိတွေ့ကိုင်တွယ်မိခြင်း။

⚠️ ရောဂါကူးစက်ခံထားရသည့် တိရစ္ဆာန်၏ အသားနှင့် အခြားတိရစ္ဆာန်ထွက်ပစ္စည်းများကို သေချာစွာ ကျက်အောင် မချက်ဘဲ စားသုံးမိခြင်း။

⚠️ တောအုပ်ထဲ သို့မဟုတ် တောအုပ်အနီး နေထိုင်သူများတွင် ရောဂါကူးစက်ခံထားရသည့် တိရစ္ဆာန်များနှင့် သွယ်ဝိုက်သောအားဖြင့် ထိတွေ့နိုင်ခြေ အနည်းငယ်ရှိခြင်း။(၂) လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်ခြင်း

⚠️ ရောဂါကူးစက်ခြင်းခံထားရသူ၏ အသက်ရှူလမ်းကြောင်းမှ ထွက်လာသော အရည်များ၊ အနာများ (သို့မဟုတ်) ရောဂါပိုး လတ်တလော ကပ်တင်ကျန်နေသော အရာဝတ္ထုများကို ထိတွေ့ကိုင်တွယ်မိခြင်း။

⚠️ အသက်ရှူလမ်းကြောင်းမှတစ်ဆင့်ကူးစက်ရာတွင် လူတစ်ဦးနှင့် တစ်ဦး အချိန်ကြာမြင့်စွာ မျက်နှာချင်းဆိုင် စကားပြောခြင်းကြောင့် ကူးစက်နိုင်ခြင်း။

⚠️ ရောဂါကူးစက်ခံထားရသူ လူနာနှင့် အနီးကပ်ထိတွေ့လေ့ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ မိသားစုဝင်များနှင့် အခြားသူများတွင် ကူးစက်နိုင်ခြေ ပိုမိုများပြားပါသည်။

⚠️ ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်ဆောင်စဉ်တွင် အချင်းမှတစ်ဆင့် ကလေးကို ကူးစက်နိုင်သကဲ့သို့ ကလေးမွေးဖွားချိန်နှင့် မွေးဖွားပြီးချိန်များတွင် မိခင်မှ ကလေးသို့ ကူးစက်နိုင်ပါသည်။ရောဂါလက္ခဏာများသည် ရောဂါစတင်ကူးစက်ခံရပြီး (၆) ရက်မှ (၁၃) ရက် (သို့မဟုတ်) (၅) ရက်မှ (၂၁) ရက် အတွင်း စတင်ပေါ်ပေါက်လာနိုင်ပါသည်။ရောဂါကူးစက်ခံရပြီး ပထမ (၅) ရက်အတွင်း~✅ ဖျားခြင်း✅ အလွန်အမင်းခေါင်းကိုက်ခြင်း✅ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း✅ ကျောအောင့်ခြင်း✅ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း✅ အလွန်အမင်း အားအင်ကုန်ခမ်းခြင်း✅ အခြားလက္ခဏာတူသော ရောဂါများ (ရေကျောက် Chickenpox၊ ဝက်သက် Measles၊ ကျောက်ကြီး Smallpox) နှင့် ယှဉ်လျှင် ပြန်ရည်ကျိတ်ရောင်ရမ်းခြင်းသည် မျောက်ကျောက်ရောဂါ၏ သိသာထင်ရှားသော လက္ခဏာတစ်ခုဖြစ်ပါသည်။

အဖျားလက္ခဏာပေါ်ပေါက်ပြီး (၁) ရက်မှ (၃) ရက်အတွင်း ~✅ အနာများ၊ အဖုအပိမ့်၊ အနီကွက် (Rash) များ ပေါ်ပေါက်လာခြင်း။✅ အဖုအပိမ့်၊ အနီကွက်များသည် ခန္ဓာကိုယ်ထက်စာလျှင် မျက်နှာနှင့် ခြေလက်များတွင် ပိုမိုဖြစ်ပွားနိုင်ပါသည်။ ခံတွင်း၊ လိင်အင်္ဂါတစ်ဝိုက်နှင့် မျက်စိတို့တွင်လည်း ဖြစ်ပွားတတ်ပါသည်။✅ အဖုအပိမ့်များသည် အနည်းငယ်မှ ထောင်ဂဏန်းထိ ဖြစ်ပွားနိုင်ပါသည်။✅ ပြင်းထန်လူနာများတွင် အဖုအပိမ့်များ ပေါင်းသွားပြီး အရေပြားကွာကျသည်အထိ ဖြစ်ပွားနိုင်ပါသည်။

✅ မျောက်ကျောက်ရောဂါ လက္ခဏာများသည် (၂) ပတ်မှ (၄) ပတ်အထိကြာအောင် ရှိနေတတ်ပါသည်။နောက်ဆက်တွဲကျန်းမာရေးပြဿနာများ~ 📌အခြားကူးစက်ရောဂါများ ဝင်ရောက်လာခြင်း📌အဆုတ်ရောင်ရောဂါ📌သွေးဆိပ်တက်ခြင်း📌ဦးနှောက်ရောင်ရောဂါ📌မျက်ကြည်လွှာပိုးဝင်၍ အမြင်အာရုံဆုံးရှုံးခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ အခုမျောက်ကျောက်ရောဂါပိုးဟာ ၂၀၂၂ ခုနှစ်တုန်းက ကူးစက်မှုဖြစ်ခဲ့ဖူးတဲ့ပိုးထက် ကူးစက်လွယ်ပြီး သေဆုံးနိုင်ခြေလည်း မြင့်တာကြောင့် သိပ္ပံပညာရှင်တွေက စိုးရိမ်တကြီး သတိရှိနေကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာလည်း ရောဂါပိုးကူးစက်ခံရမှုများလည်း ရှိနေကြောင်း တွေ့ရှိနေရတာကြောင့် အထူးသတိပြုနေထိုင်ပါရန်နှင့် ရောဂါကူးစက်ခံရပါက ဆေးရုံ၊ဆေးခန်းသို့ အမြန်ဆုံးသွားရောက်နိုင်ပါရန် နှိုးဆော်မျှဝေပေးအပ်ပါတယ်။

Source : WHO#FlyingStarCropMachinery #မျောက်ကျောက်ရောဂါ #Monkeypox #အာဖရိက #ပြည်သူ့ကျန်းမာရေး #WHO

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *