မွှင်းးးးးးးးးးးးးးးခါး၈ပွဲ(ရုပ်/သံ)

မွှင်းးးးးးးးးးးးးးးခါး၈ပွဲ(ရုပ်/သံ)

ပခုက္ကူ-ကမ္မလမ်းပိုင်းက စစ်ကောင်စီလက်အောက်ခံဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ ၈ ယောက်သေ (ရုပ်/သံ)

သြဂုတ် ၂၂၊ ၂၀၂၄

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ကမ္မလမ်းပိုင်းက ညောင်ဂျစ်ပင်ပျူစောထီးတွေနဲ့ အကြမ်းဖက်စစ်သားတွေ ပူးပေါင်းအထိုင်ချထားတဲ့ ဂိတ်စခန်းကို သြဂုတ် ၁၉ ရက် မနက်ပိုင်းက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၈ ယောက်သေဆုံးသွားတယ်လို့ အမိမြေတော်လှန်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

တိုက်ပွဲ ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး စခန်းအတွင်းက ရိက္ခာတွေကို ဖျက်ဆီးနိုင်ခဲ့ကာ G-3 သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ယင်းမာပင်ခရိုင် အမှတ်(၂၇)တပ်ရင်း၊ တပ်ခွဲ(၁) အမိမြေတပ်ခွဲ နဲ့အတူ ယင်းမာပင်ခရိုင် ဗျူဟာအမှတ် (၄၇) က ဦးဆောင်တိုက်ခိုက်ခဲ့ပြီး တော်ဝင်ကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပေါက်)၊ God Of Myaing၊ ပေါက်မြို့နယ် -YGF တပ်ဖွဲ့ ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၂၀၊ အမိမြေတော်လှန်ရေးတပ်ဖွဲ့ ၊ ဗိုလ်မီးတောက် ၊ Air Frighter (မြိုင်) ၊ KG ၊ ဗိုလ်စကား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ မှ ThuRain-TR နဲ့ Young Force UG တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ တိုက်ပွဲအတွင်း ပြည်သူ့ရဲဘော် ၃ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သြဂုတ် ၂၂၊ ၂၀၂၄

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *