အုပ်ကြီးတွေ နာမူနာယူကြပါ

အုပ်ကြီးတွေ နာမူနာယူကြပါ

ပေါက်ခေါင်းတွင် ပြည်သူများကို တပ်သားသစ်များအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ချောင်းကောင်းရွာ အုပ်ချုပ်ရေးမှူး ညွန့်နိုင် ပစ်ခတ်ခံရပြီး သေဆုံး

ဩဂုတ် ၂၂ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ချောင်းကောင်းရွာ အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ညွန့်နိုင်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDF တပ်ရင်းသတင်းပြန်ကြားတာဝန်ခံက ပြောဆိုသည်။

ဩဂုတ်လ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်အချိန် ပေါက်ခေါင်းမြို့နယ်၊ ချောင်းကောင်းအုပ်စု ချောင်းကောင်းရွာတွင် နေထိုင်သော အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ကျောက်ဒိုး (ခ) ညွန့်နိုင်ကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ (၃) နှင့် ပေါက်ခေါင်း (ပကဖ ) တို့က နေအိမ်အတွင်း ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ကျောက်ဒိုး (ခ) ညွန့်နိုင်သည် အကြမ်းဖက် စစ်ကောင်စီနှင့်ပူးပေါင်း၍ ကျေးရွာအုပ်စုအတွင်းပြည်သူများကို အတင်းအဓ္မ စစ်မှုထမ်းရန်ခေါ်ဆောင်ခြင်း၊ မတရားငွေညှစ်တောင်းခံခြင်း၊ အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်း၍ ပေါ်တာဆွဲရာတွင် အချိန်ပြည့်လိုက်ပါ ဆောင်ရွက်ပေးနေခြင်းတို့ကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၃၆၀၁ PPDF တပ်ရင်းသတင်းပြန်ကြားတာဝန်ခံက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်း၍ စစ်မှုထမ်း စုဆောင်းရန်အတွက် လိုက်ပါဆောင်ရွက်ပေးနေသော ကျန်ရှိနေသည့် အုပ်ချုပ်ရေးမှူးများကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ၃၆၀၁ PPDF တပ်ရင်းသတင်းပြန်ကြားတာဝန်ခံက ဆက်လက်ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *