AAတို့သိမ်းလိုက်ပြန်ဘီဗျို့

AAတို့သိမ်းလိုက်ပြန်ဘီဗျို့

ကျိန္တလီက စစ်ကောင်စီတပ်စခန်း ၂ခုကို AA က တိုက်ခိုက်သိမ်းပိုက်

ဩဂုတ် ၂၃

ရခိုင်ပြည်နယ်တောင်ပိုင်း၊ ကျိန္တလီဲမြို့က စစ်ကောင်စီတပ်စခန်း ၂ခုကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ စစ်ရေး သတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။ရခိုင်ပြည်နယ်တောင်းပိုင်း ဂွမြို့နဲ့ မိုင်လေးဆယ်ခန့်ဝေးတဲ့ ကျိန္တလီမြို့က စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် (AA) က သြဂုတ် ၁၂ ရက်နေ့မှာ စပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီစခန်း နှစ်ခုကို စတင်တိုက်ခိုက် သိမ်းပိုက်လိုက်ခြင်းဖြစ်ပါတယ်။

ကျိန္တလီမြို့က အမှတ် (၁) နဲ့ အမှတ် (၃) ရပ်ကွက်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီ တပ်စခန်းနှစ်ခုကို AA က သိမ်းပိုက်ခဲ့ပြီး ဆက်လက်ထိုးစစ်ဆင်နေတယ်လို့လည်း သိရပါတယ်။ကျိန္တလီမှာ တိုက်ပွဲတွေပြင်းထန်နေလို့ ဂွမြို့ကို စစ်မီးကူးဆက်လာမှာ စိုးရိမ်တဲ့ဒေသခံတွေဟာ ဧရာဝတီတိုင်းက ရေကြည်၊ ကျုံပျော်နဲ့ ငသိုင်းချောင်းစတဲ့ မြို့တွေနဲ့ ရန်ကုန်မြို့တွေကို ထွက်ပြေးတိမ်းရှောင်မှုတွေလည်းရှိနေပါတယ်။၂၀၁၄ သန်းခေါင်စာရင်းအရ ဂွမြို့မှာနေထိုင်သူ လူဦးရေ တစ်သောင်းခန့် (၉၅၁၀ ဦး) ရှိတာကြောင့် လက်ရှိ မြို့ပေါ်မှာ လူဦးရေ တစ်ဝက်ခန့်ပဲ ရှိပါတော့တယ်။#

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *