ရှယ်၂ပွဲနှင့်လိုက်ပွဲအပို၆ပွဲရှယ်ကြိတ်

ရှယ်၂ပွဲနှင့်လိုက်ပွဲအပို၆ပွဲရှယ်ကြိတ်

တောင်ငူ လေတပ်စခန်းကို တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်မှ အရာရှိ ၂ ဦး သေဆုံးပြီး အခြားအဆင့် ၆ ဦးဒဏ်ရာရဟု MKCDF ပြော

ဩဂုတ် ၂၃

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အခြေစိုက် တောင်ငူ လေတပ်စခန်းကို ပြီးခဲ့သည့် ဩဂုတ် ၂၀ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်ခဲ့ရာ ရှော့တိုက်ဒုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်မှ အရာရှိ နှစ် ဦးသေဆုံးခဲ့ပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အခြားအဆင့် ခြောက် ဦး ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

တောင်ငူ လေတပ်ဝင်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ခုနစ် လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေး လုံး ပေါက်ကွဲခဲ့မှုကြောင့် သေဆုံးဒဏ်ရာရသူများအပြင် ဘားတိုက်ထိမှန်မှုကြောင့်လည်း လေတပ် တပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိကြောင်းလည်း Mountain Knights Civilian Defense Force (MKCDF) ထံကသိရသည်။”ခုနစ်လုံးပစ်တာမှာ လေး လုံးပဲအောင်ခဲ့တာပါ။ ရှော့တိုက်ဒုံး လေး လုံးရဲ့ ထိမှန်ပေါက်ကွဲအားကြောင့် စစ်ရှုံးကောင်စီ၏ လေတပ် အရာရှိ နှစ်ဦး ကျဆုံးတယ်။

အခြားအဆင့် ၆ ဦးဒဏ်ရာပြင်းထန်စွာရရှိတယ်။ စက်ပြင်ပစ္စည်းတွေထားရှိတဲ့ ဂိုဒေါင်ပျက်စီးတယ်လို့ ကနဦးစုံစမ်းချက်အရသိရှိထားပါတယ်။ သေဆုံး တဲ့ရာထူးအဆင့်ကိုတော့ စုံစမ်းဆဲပါ” ဟု MKCDF တာဝန်ရှိသူတစ်ဦးက‌‌ ပြောသည်။တောင်ငူလေတပ်သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာကရင်နီပြည်နယ်၊ ကရင်ပြည်နယ် နှင့် ရှမ်းပြည် တောင်ပိုင်းရှိ အရပ်သားများနှင့် တော်လှန်ရေးအင်အားစုများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်‌နေသည့် အဓိကလေတပ်စခန်း တစ်ခုဖြစ်ကြောင်း သိရသည်။

ထို့ပြင် တောင်ငူလေတပ်စခန်းဌာနချုပ်တွင် K-8 နှင့် K-8w ၁၅ စင်း၊ Mig-29 လေးစင်း၊ CH-3UAV Drone တစ်စင်း၊ Mi-35 နှစ်စင်း၊ Mi-2 နှစ်စင်း၊ Mi-17 သုံးစင်းရှိကြောင်းကိုလည်း စစ်ရေးသတင်း ရင်းမြစ်တချို့ထံက သိရသည်။ယခုတိုက်ခိုက်မှုကို Mountain Knights Civilian Defense Force (MKCDF) အဖွဲ့သည် Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှု ဖြင့်၊ Mercury Revolution Force (MRF) အဖွဲ့၊ သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့၊ စစ်ဒေသ ၃၁ ပါတီရဲဘော်များ အဖွဲ့တို့နှင့် ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။MKCDFနှင့် ပူးပါင်းအဖွဲ့သည် ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့ကလည်း တောင်ငူလတပ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ပြီး တိုက် လေယာဉ် နှစ် စီးထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။ဓာတ်ပုံ – အင်တာနက်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *