အုပ်ကြီးကိုတိုင်ဖဲဝိုင်းထောင်လိုက်တာပါ😁😁😃

အုပ်ကြီးကိုတိုင်ဖဲဝိုင်းထောင်လိုက်တာပါ😁😁😃

ပန်းတနော်မြို့နယ်တွင် တပ်သားသစ်စုဆောင်းနေသော မြေနုကျေးရွာအုပ်ချုပ်ရေးမှူး သန့်ဇင် ဖဲ၀ိုင်းမှ ပြန်လာစဉ် ပစ်ခတ်ခံရပြီး သေဆုံး

ဩဂုတ် ၂၄

ဧရာ၀တီတိုင်း၊ ပန်းတနော်မြို့နယ်တွင် တပ်သားသစ်စုဆောင်းနေသော မြေနုကျေးရွာအုပ်ချုပ်ရေးမှူး သန့်ဇင်ခ(ခ) ဖိုးသန့်သည် ဖဲ၀ိုင်းမှ ပြန်လာစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ရန်ကုန်မြေအောက်ပြောက်ကျားအဖွဲ့တာဝန်ခံ ကေဂျီ(KG)က ပြောဆိုသည်။

ဩဂုတ်လ ၁၅ ရက်နေ့ ည ၇ နာရီအချိန် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှ စစ်ကောင်စီခန့် မြေနုကျေးရွာအုပ်ချုပ်ရေးမှူး သန့်ဇင်(ခ) ဖိုးသန့်သည် ဖဲ၀ိုင်းမှ ပြန်လာစဉ် ရန်ကုန်မြေအောက်ပြောက်ကျားအဖွဲ့က ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း ၊ သေနတ်ဖြင့် နားထင်တွင် ကျည်ထိမှန်သေဆုံးသွားခြင်းဖြစ် ကြောင်း၊ သေဆုံးသူ အုပ်ချုပ်ရေးမှူး သန့်ဇင်(ခ) ဖိုးသန့်သည် တပ်သားသစ်စုဆောင်း၍ စစ်တပ်ထံသို့ ပို့ဆောင်နေကြောင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ လောင်းကစား၀ိုင်းများ ဦးဆောင်ဖွင့်လှစ်ခြင်းများကိုလည်း လုပ်ဆောင်နေသူဖြစ်ကြောင်း သိရှိရသည်။

“သန့်ဇင်က ရွာ ၄ ရွာပေါင်းတဲ့အုပ်စုအုပ်ချုပ်ရေးမှူးဖြစ်ပါတယ်။ မူးယစ်ဆေး ဝါးရောင်းဝယ်ခြင်း၊ လောင်းကစားဝိုင်းတွေကို ဦးဆောင်ဖွင့်ခြင်း၊ စစ်မှု ထမ်းရန် လူငယ်တွေကို စစ်တပ်နဲ့ပေါင်းပြီး အဓမ္မဖမ်းဆီးပေးခြင်း၊ စစ်တပ်နဲ့ပေါင်းပြီး အင်းတွေကိုလည်း လက်ဝါးကြီးအုပ်သိမ်းတာတွေလုပ်ခဲ့တယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ရန်ကုန်မြေအောက်ပြောက်ကျားအဖွဲ့က ရှင်းလင်းရခြင်းဖြစ်ပါတယ်” ဟု ရန်ကုန်မြေအောက်ပြောက်ကျားအဖွဲ့တာဝန်ခံ ကေဂျီ(KG)က ရှင်း လင်းပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များက ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် တစ် နိုင်ငံလုံးတွင် တပ်သားသစ် စုဆောင်းမှုများကို အကြီးအကျယ် လုပ် ဆောင် နေကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *