ရန်ကုန်တော့ဆော်နေပြီး

ရန်ကုန်တော့ဆော်နေပြီး

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်

ရန်ကုန်၊ ဩဂုတ် ၂၅

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း Yangon Urban Column စစ်ကြောင်း ဆက်သွယ်ရေး တာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၃ ရက်နေ့ ည ၉ နာရီ ၃ဝ မိနစ်ခန့်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။”ကျွန်တော်တို့ အဲ့ထဲသွားပစ်ထည့်တဲ့ အချိန်မှာတော့ သူတို့လူတွေရှိပါတယ်။ နောက်ဆက်တွဲကတော့ မသိရသေးပါဘူး။ စုံစမ်းနေတုန်းပါပဲ” ဟု Yangon Urban Column အဖွဲ့ ဆက်သွယ်ရေး တာဝန်ခံက ပြောဆိုသည်။အဆိုပါ တိုက်ခိုက်မှုကို Yangon Urban Column စစ်ကြောင်းက ပြုလုပ်ခဲ့ပြီး အကြမ်းဖက် စစ်အာဏာရှင်စနစ် ကျရှုံးသည်အထိ တောတွင်းအပြင် မြို့ပြမှာပါ ဆက်လက်တိုက်ခိုက် တော်လှန်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး တာဝန်ခံက ဆက်လက် ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *