ဝမ်းချုပ်နေသူများအတွက်ဆေးနည်း          

ဝမ်းချုပ်နေသူများအတွက်ဆေးနည်း

(၁ )မနက် အိပ်ရာထ သောက် ရေ ၃ ခွက် ဆက်တိုက်

သောက်ပေးခြင်းက အူတွေကိုအလုပ် လုပ်စေလို့ ဝမ်းသွားစေပါတယ်

နေ့စဉ် ရေ ၈ ခွက် မှ ၁၀ ခွက်အထိ သောက်တဲ့ အကျင့်ကို မွေးယူပါ

(၂ ) သံပုရာသီးမှာ ဝမ်းချုပ် ခြင်းမှ သက်သာစေလို့ မနက် အိပ်ရာထ အစာမစားခင်မှာရေနွေး ၁ ဖန်ခွက်ထဲကို သံပုရာသီး ၁ လုံးညှစ်ပြီး ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ဆားအနည်းငယ် ဖျော်၍သောက်ပါ

(၃) ပဲသီး ဟင်းနုနွယ် စသည့် အစိမ်းရောင် ဟင်းသီး

ဟင်းရွက်များနဲ့ လိမ္မော်သီးသစ်တော်သီး ကဲ့သို့ အရည်ရွှမ်းပြီး အမျှင်များသည့် သစ်သီးများစားပါ

(၄ ) အမျှင်ဓာတ် ပေါများသော ဂုံလျော်စေ့ က အစာကြေစေပြီး ဝမ်းချုပ်ခြင်းကို သက်သာပျောက် ကင်းစေပါတယ်

(၅ )နွားနို့ပူပူ သောက်တာက အူမကြီးကို ကောင်းစွာ လှုံဆော်ပေးတာကြောင့် ဝမ်း မချုပ် စေတော့ပါ   ( သို့ )

ညအိပ်ရာဝင်ခါနီး နွားနို့ပူပူထဲမှာ ထောပတ်ကို

လက်ဖက်ရည်ဇွန်း ၁ ဇွန်း ပမာဏခပ်၍ သောက်ခြင်းဖြင့် မနက်ပိုင်း လျောလျောရူရူ ဝမ်းသက်စေပါတယ်

(၆ )နံနက်စောစော ၁၅ မိနစ်ခန့် လမ်းသွက်သွက်လျှောက်ခြင်းက အူများကို လူပ်ရှားကာ ဝမ်းသွားစေပါတယ်

(၇ ) သဖန်းသီးပဲကတ္တီပါ  မြေပဲစွန်ပလွန်သီး  ပဲပင်ပေါက်စားပေးပါ မာလကာသီး ( အူနီ ) အမှည့်ကလည်း ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်

(၈ ) ကြံရည်   ခရမ်းချဉ်သီး. beet root ( ခေါ် )

သကြားမုန်လာဥ (ခေါ် ) သွေးရောင်ကဲ့သို့  မုန်လာဥနီ အလုံး တို့ကလည်း ဝမ်းသက်စေလို့ စားပေးပါ

(၉ )နံနက်တိုင်း သဘောင်္သီး မှည့်မှည့် စားပေးပါ

(၁၀ ) ပန်းသီးက လည်း ဝမ်းချုပ်ခြင်းကို အကျိုးပြုတဲ့အတွက် တစ်နေ့ ၂ လုံးမှန်မှန် စားသင့်ပါတယ်

(၁၁ ) အရွက်မှာ အမွှေးလေးတွေပါတဲ့ ကုလားမြင်းခွာရွက်ပင်၏ အပွင့်ကို သကြားနဲ့ကြိတ်၍ စားပါ

(၁၂ )ကြက်ဟင်းခါးသီး ကို  သောက်ရေ ဆားတို့နဲ့ ရေစိမ်ပြီး သောက်ပါ

(၁၃ )ကြက်ဟင်းခါးသီးကို  ရေနံဆီဖြင့် စိမ်၍ ဝမ်းဗိုက် ကို လိမ်းပေးပါ

(၁၄ )ကြိတ်မှန်ရွက် ၂၅ ကျပ်သားကို  ထန်းလျက် ၁၀ ကျပ်သား အရည်ညှစ်ပြီးသော ရှောက်သီးဖတ် ၁၀ ကျပ်သား  ပါးပါးလှီးထားသောကြက်သွန်နီ ၁၀ ကျပ်သားစမုန်မျိုး ၅ ပါး အမူန့် ၂ ပဲစား ဆီ တို့ဖြင့် ရောချက်ထားသော ကြိတ်မှန်ရွက်ယိုကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့် တစ်နေ့ ၃ ကြိမ်စားပေးပါ။

credit:ပေါက်ပေါက်

Zawgyi


spfmyanmar

















credit:ပေါက်ပေါက်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *