ညီနန္ဒ၊နှိုင်းယှဉ်မြင့်မိုရ်၊ကိုဘင်းတို့ Surprise လုပ်ပြီး သီတင်းကျွတ်ကန်တော့ခဲ့ကြတဲ့အချိန် မထင်မှတ်တဲ့အပြုအမူတစ်ခုပြုလုပ်လိုက်တဲ့ ထက်ထက်မိုးဦးရဲ့ဗီဒီယို

ညီနန္ဒ၊နှိုင်းယှဉ်မြင့်မိုရ်၊ကိုဘင်းတို့ Surprise လုပ်ပြီး သီတင်းကျွတ်ကန်တော့ခဲ့ကြတဲ့အချိန် မထင်မှတ်တဲ့အပြုအမူတစ်ခုပြုလုပ်လိုက်တဲ့ ထက်ထက်မိုးဦးရဲ့ဗီဒီယို

ပရိသတ်ကြီးရေ… သရုပ်ဆောင်ထက်ထက်မိုးဦးကတော့အနုပညာလောကမှာ ယနေ့ထိတိုင် ပရိသတ် တွေရဲ့ နှလုံးသားကို နေရာယူထားနိုင်ဆဲဖြစ်ပါတယ်။ ထက်ထက်မိုးဦးဟာ လက်ရှိမှာတော့ အနုပညာ လှုပ်ရှားမှုတွေအဖြစ် အွန်လိုင်း Live Sale တွေကိုပဲ ရောင်းချနေလျက်ရှိကာ ဇာတ်ကားရိုက်ကူးမှုတွေကို တော့ ရပ်နားထားတာပဲဖြစ်ပါတယ်။

ပရိသတ်တွေသာမကပဲ အနုပညာလောကသားတွေရဲ့ ချစ်ခြင်မြတ်နိုးခြင်းကိုခံရတဲ့ ထက်ထက်မိုးဦးဟာ ဒီ တစ်ခါမှာတော့ သရုပ်ဆောင် ညီနန္ဒ၊ နှိုင်းယှဉ်မြင့်မိုရ်နဲ့ ကိုဘင်းတို့ဆီက ကန်တော့ခံခဲ့ရပါတယ်။ညီနန္ဒတို့ ဇနီးမောင်နှံနဲ့ ကိုဘင်းတို့ဇ နီးမောင်နှံက မန္တလေးရောက် ခိုက် ချစ်မ ထက်ထက်မိုးဦးကို Surprise လုပ်ပြီး သီတင်းကျွတ်ကန်တော့ခဲ့ကြတဲ့ အမှတ်တရဗီဒီယိုလေး ကို အခုလိုပဲ မျှဝေပေးလာပါတယ်။

ထက်ထက်မိုးဦးကတော့ သူမရှိတဲ့နေရာအထိ တကူးတကလာကန်တော့ကြတဲ့ မောင်လေး ညီမလေး တွေကြောင့် ပီတိဖြစ်နေတာပဲဖြစ်ပါတယ်။ဒါ့အပြင်ကန်တော့ခံရတော့မယ့်အချိန် ဖိနပ်လေးချွတ်လိုက်တဲ့ထက်ထက်မိုးဦးရဲ့အပြုအမူလေးကလေးစားစရာပဲဖြစ်ပါတယ်။

Photo Credit;Nyi Nanda’s






Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *