အသံကြားတာနဲ့ပြေးကြတာလက်ကုန်ပဲ သတ္တိခဲတွေ

နေပြည်တော်၊ ပျဉ်းမနား၊ လက်ဖက်တောင်ရွာ တာဝါတိုင်စောင့် စစ်စခန်းကို တိုက်ခိုက်ရာတွင် သေနတ်သံကြားသည်နှင့် အရာရှိနှင့်စစ်သား ၂၂ ဦးလုံး ထွက်ပြေးသဖြင့် အလွယ်တကူ သိမ်းနိုင်ခဲ့

■ စစ်မတိုက်ဘဲ ထွက်ပြေး သည့် စခန်းမှ စစ်ဗိုလ်အရာရှိကို စစ်ကောင်စီက ဖမ်းဆီးထား

ရန်ကုန်၊ အောက်တိုဘာ ၂၈

နေပြည်တော်ကောင်စီ နယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ပြည်ထောင်ကိုးကျေးရွာ အုပ် စု၊ လက်ဖက်တောင်ကျေးရွာ ၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် သေနတ်သံ ကြားသည်နှင့် အင်အား ၂၂ ဦးရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး ထွက်ပြေး ကြသဖြင့် စစ်သား သေဆုံးမှုမရှိဘဲ စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ကျားသံ လုံး စစ်ကြောင်း – သံတောင် မြောက်ပိုင်းအထူးဒေသ တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်း ပျဉ်းမနားမြို့နယ်၊ လက်ဖက်တောင် ကျေးရွာ၊ တာဝါတိုင်၌ တပ် စွဲထား သော အကြမ်းဖက်စစ်ကောင်စီ တပ် စခန်း ကို ကျားသံလုံးစစ်ကြောင်း သံတောင်မြောက်ပိုင်းအထူး တပ်ဖွဲ့နှင့် PDF တပ်ဖွဲ့ တို့ ပူးပေါင်းပြီး သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းစခန်းမှ ခဲယမ်း အမြောက်အများနှင့် စစ်အသုံး အဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ သေနတ်ပေါက်သံကြားသည်နှင့် စခန်းရှိ စစ်အင်အား ၂၂ ဦးလုံး ထွက်ပြေး ကြသဖြင့် အလွယ်တကူ စခန်းသိမ်းနိုင်ခဲ့ကြောင်း၊ စစ်မတိုက်ဘဲ ထွက်ပြေး သည့် စခန်းမှ အရာရှိ ဗိုလ်ကို စစ်ကောင်စီက ပြန်လည် ဖမ်းဆီးထားကြောင်း သိရှိရသည်။

” နေပြည်တော်ကောင်စီနယ်မြေမှာ စခန်းသိမ်းတိုက်ပွဲပေမယ့် စစ်သား သေဆုံးမူမရှိခဲ့ပါဘူး။ ဒဏ်ရာ ရတာလောက်တော့ ရှိလောက်မယ်။သေနတ် ပေါက် ပေါက်ချင်း အကုန်ထွက်ပြေးကုန်ပါတယ်။ထွက်ပြေးသွားတဲ့ဗိုလ် အဖမ်းခံရ တယ်ကြားပါတယ်။ စခန်းမှာ အင်အားက ၂၂ ဦးရှိတာ။ သွားတိုက် တော့ အကုန်ထွက်ပြေးတာ” ဟု ကျားသံလုံးစစ်ကြောင်း – သံတောင် မြောက် ပိုင်း အထူးဒေသ တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- နေပြည်တော်ကောင်စီ နယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ပြည်ထောင်ကိုး ကျေးရွာ အုပ် စု၊ လက်ဖက်တောင်ကျေးရွာ ၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်စခန်းပြမြေပုံ

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *