သူများမကောင်းကြံခဲ့တော့ ကိုယ်ခံရပီ(အဘသားများ)

နတ်တလင်းနှင့် မန္တလေး-ရွှေဘို လမ်းပိုင်းတွင် ပျူစောထီး ခေါင်းဆောင်နှင့် စစ်တပ်အတွက် အလုပ်လုပ်ပေးသူတို့ ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် ပျူစောထီး ခေါင်းဆောင် ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ပြည်ခရိုင် PDF ၃၆၀၁ တပ်ရင်းမှ ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၃၁ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် နတ်တလင်းမြို့နယ်၊ ထိပ်ပိတ်အုပ်စု၊ ပေါင်းတည်မြို့နယ်နှင့် ထိစပ်နေသော ထိပ်ပိတ်ရွာနေ ပျူစောထီးခေါင်းဆောင် ချစ်ကို ကိုနန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဗူးကြီးရွာနှင့် ထိပ်ပိတ်ရွာ အကြားတွင် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၄ ပြည်တော်ဝင်မြို့ပြပြောက်ကြားအဖွဲ့က သေနတ်ဖြင့် ၅ ချက် ပစ်ခတ် တိုက်ခိုက်ရာ နေ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး ခေါင်းဆောင် ချစ်ကိုသည် ကျေးရွာအုပ်စုအတွင်း တော်လှန်ရေးသမားများနှင့်မိသားစုဝင်များကို နေထိုင်၍ မရအောင် လုပ်ဆောင်ခြင်း၊ပေါင်းတည်မြို့ အဝင်/ထွက်ဂိတ်တွင် ဂိတ်စောင့်ခြင်း၊ ဆိုင်ကယ်များ ဖမ်းဆီးရာတွင်လည်း စစ်ကောင်စီ တပ်ဖွဲ့များနှင့်လိုက်ပါခြင်း၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကိုငွေအားလူအားဖြင့် ပံ့ပိုးကူညီခြင်းတို့ကို လုပ်ဆောင်နေသောကြောင့် စီစစ်အတည်ပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပြည်ခရိုင် PDF ၃၆၀၁ တပ်ရင်းမှ ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး တာဝန်ခံကပြောဆိုသည်။

ပျူစောထီးခေါင်းဆောင် ချစ်ကို၏ အပေါင်းအပါ ပျူစောထီး တပည့်များနှင့် ပေါင်းတည်မြို့နယ်မှ ပျူစောထီးသင်တန်းဆင်း စာရင်းများကိုလည်း အတိအကျ ရရှိထားပြီး ပြည်သူလူထုနှင့် အမြန်ဆုံး ပူးပေါင်းကြပါရန် ပြည်တော်ဝင်မြို့ပြပြောက်ကြားအဖွဲ့က တိုက်တွန်းထားကြောင်း၊ ၎င်းတို့ အနေဖြင့် ဆက်လက်၍ စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပူးပေါင်း လုပ်ဆောင်နေပါက ပစ်ခတ် တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဟု ပြည်ခရိုင် PDF ၃၆၀၁ တပ်ရင်းက ထုတ်ပြန်ထားသည်။

အလားတူ မန္တလေး-ရွှေဘို လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးသူ ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ဆားတောင်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မန္တလေးမြို့ပြင်ကို ထွက်လာသည့် အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးသူ ကိုအောင် ဆိုသူကို မန္တလေး-ရွှေဘို လမ်းပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးသူ ကိုအောင်နှင့် အတူပါလာသူကိုလည်း ပြည်သူ ဟုတ် မဟုတ် စစ်ဆေးနေဆဲ ဖြစ်ကြောင်း ဆားတောင်တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မန္တလေး ပြောက်ကျားတပ်ဖွဲ့၏ သတင်းပေးမှုနှင့် စစ်ကိုင်းဆားတောင်တပ်ဖွဲ့တို့က ပူပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *