အဖော်တွေပျော်ပျော်ပါးပါး မော်တော်ကားနဲ့ကွယ်

ပုသိမ်အကျဥ်းထောင်မှ အခြားဆင့် နယ်ခံဝန်ထမ်း၃၀ ဦးထက်မနည်းကို တိုက်ပွဲဖြစ်ပွားရာဒေသသို့ ပြောင်းရွှေ့

နိုဝင်ဘာလ ၁ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်ရှိ အခြားဆင့်ဝန်ထမ်းများကို အောက်တိုဘာလ နောက်ဆုံးအပတ်ကစပြီး တိုက်ပွဲဖြစ်ပွားရာဒေသများသို့ ပြောင်းရွှေ့မှုများ ပြုလုပ်နေကြောင်း ပုသိမ်အကျဥ်းထောင်နှင့် နီးစပ်သူများထံက သိရသည်။

ပုသိမ်မြို့နယ် ပုသိမ်အကျဥ်းထောင်ရှိ အောက်ခြေအဆင့် နယ်ခံထောင်ဝန်ထမ်း ၃၀ ဦးထက်မနည်းကို အောက်တိုဘာလ ၂၇ ရက်ကစ၍ တိုက်ပွဲဖြစ်ပွားရာဒေသများဖြစ်သည့် တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်း၊ကရင်ပြည်နယ်၊ကယားပြည်နယ်၊ရှမ်းပြည်နယ်နှင့်ချင်းပြည်နယ်ထံသို့ ပြောင်းရွှေ့ခံနေရကြောင်း ပုသိမ်အကျဥ်းထောင်နှင့် နီးစပ်သည့်သတင်းရင်းမြစ်များက ပြောသည်။

”ထောင်ထဲမှာ နယ်ခံအောက်ခြေဝန်ထမ်းတွေကို မိသားစုတွေပါ အကုန်ပြောင်းရွှေ့ခံနေရတယ်။အမိန့်ကျတာ မကြာသေးဘူး။ တနင်္သာရီ၊ စစ်ကိုင်းဘက်ကို အများဆုံးအရွေ့ခံရတယ်။၊ကရင်၊ကယား၊ရှမ်းနဲ့ ချင်းဘက်ကိုတော့ ခွဲအပို့ခံနေရတာ”ဟု ပုသိမ်အကျဥ်းထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယင်းကဲ့သို့ ပြောင်းရွှေ့မှုများနှင့် ပတ်သက်၍ ထောင်ပိုင်နှင့် ထောင်မှူးများမှာ ပြောင်းရွှေ့ခြင်းမခံရရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် အကျဥ်းဦးစီးဌာန မှ တာဝန်ရှိသူများကို လာဘ်ငွေပေးကာ လုပ်ဆောင်နေကြကြောင်း အကျဥ်းထောင် အသိုင်းအဝန်းထံက သိရှိရသည်။

”ထောင်ပိုင်တွေ ထောင်မှူးစတဲ့အရာရှိကြီးပိုင်းတွေက အပြောင်းအရွှေ့ပါမှာစိုးလို့ ပြည်ထဲရေးနဲ့ အကစ ကို သိန်းရာချီ လာဘ်ထိုးနေရတယ်။ အဲတော့အရာရှိကြီးပိုင်းတွေ မရွှေခံရတော့ဘူးပေါ့။ မပေးနိုင်တဲ့အရာရှိငယ်တွေ အခြားအဆင့်တွေကတော့ မဖြစ်မနေအကုန်ရွှေ့နေရပြီ”ဟု ကိုယ်တိုင်ပြောင်းရွှေ့မိန့် ကျခဲ့သည့် ထောင်အရာရှိတစ်ဦးက ဆိုသည်။

ပုသိမ်အကျဥ်းထောင်တွင် ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်းကလည်း အခြားဆင့် အကျဥ်းထောင်ဝန်ထမ်း များကို တိုက်ပွဲဖြစ်ပွားရာနေရာသို့ ပြောင်းရွှေ့ရန်အမိန့်ပေးညွှန်ကြားခဲ့သည်။ ယင်းသို့ညွှန်ကြားခဲ့မှုအပေါ် အခြားအဆင့်ထောင်ဝန်ထမ်းများမှ ပြည်ထဲရေးဝန်ကြီးဌာနထံ အသနားခံစာတင်သွင်းခဲ့မှုကြောင့် တစ်နှစ်ကြာ ယာယီရပ်ဆိုင်းပေးခဲ့ပြီး လက်ရှအောက်တိုဘာလနောက်ဆုံးအပတ်တွင် ပြန်လည်ပြောင်းရွှေ့ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *