ဘုန်းဘုန်းကျောင်းထဲပုန်းလည်းနက်နက်သီးကျွေး(ရုပ်သံ)

ငါန်းဇွန်မြို့နယ်၊ ကျင်းသာဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး (ရုပ်/သံ)

ရန်ကုန်၊ နိုဝင်ဘာ ၂

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ကျင်းသာ ဘုန်းကြီးကျောင်း၀န်း အတွင်းတပ်စွဲ အထိုင်ချ ထားသည့် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၃၁ ရက်နေ့က ငါန်းဇွန်မြို့နယ်၊ ကျင်းသာဘုန်းကြီးကျောင်းအတွင်း အင်အား ၃၀ ခန့် ဖြင့် အထိုင်ချတပ်စွဲထားသော စစ်သားများကို Drone ဖြင့် ဝေဟင်မှ ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ဦး ပွဲချင်းပြီးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

“မြို့သာရဲစခန်းဘက်က နေထွက်လာပြီးတော့ အဲနားလေးမှာ သူတို့က သွားလိုက် ပြန်လိုက် တခြား ရွာတွေလည်း ဝင်လိုက်နဲ့ ရွာတွေကို တစ်လှည့်စီလိုက်ပြီး တပ်စွဲနေတာ၊” ဟု နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် – ၄ တပ်ရင်း၊ ငါန်း ဇွန်မြို့ နယ် ပကဖ နှင့် မြင်းခြံခရိုင် တပ်ရင်း ၆ တပ်ခွဲ ၂ တပ်ခွဲ ၃ Special Task Force Ngazun တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *