ရှမ်းမြောက်ပွဲပေါင်းချုပ်(ရုပ်သံ)

နိုဝင်ဘာလ ၁ ရက်နေ့ တိုက်ပွဲသတင်းများ

ကိုးကန့်စစ်ကြောင်းများသည် လောက်ကိုင်ဒေသဘက်သို့ ဦးတည်ဆောင်ရွက်လာနေပြီး မုံးကိုး ၊ မူပန်(သိန္နီ) ၊ ကွတ်ခိုင်နေရာများတွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွား

ကိုးကန့်သတင်းမီဒီယာ

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂ ရက်

နိုဝင်ဘာလ ၁ ရက်နေ့တွင် (၁၀၂၇) စစ်ဆင်ရေး Operation ကြီး လုပ်ဆောင်လာသည်မှာ (၆)ရက်မြောက်ရောက် ရှိလာပြီး မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)မှလည်း စစ်အောင်ပွဲများ ဆက်လက်လုပ်ဆောင်နိုင်ခဲ့ပါသည်။ ထို့ပြင် ကိုးကန့်စစ်ကြောင်းများသည် လောက်ကိုင်ဒေသဘက်သို့ ဦးတည်လာပြီး မုံးကိုး ၊ မူပန်(သိန္နီ) ၊ ကွတ်ခိုင် စသည့်နေရာများတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်စခန်းများကို ထပ်မံသိမ်းယူနိုင်ခဲ့ပါသည်။

ကိုးကန့်တိုက်ပွဲ

နိုင်ဝင်ဘာလ (၁) ရက်နေ့ နံနက် (၇) နာရီခန့်တွင် MNDAA တပ်ဖွဲ့သည် ကိုးကန့်ခရိုင်၊ မန်တုံပဒေသ၊ရှမ့်ရှန်တောင် ကုန်းရှိ စစ်ကောင်စီ၏တပ်စခန်းကို တိုက်ခိုက်သိမ်းယူခဲ့ပါသည်။ ညနေ (၄း၄၂)နာရီ မှ (၅)နာရီ အထိ စစ်ကောင် စီ၏ ကိုးကန့်ခရိုင်၊တုန်းရှမ်းဒေသ၊ တုန်းရှမ်းထုတ်တောင်ကုန်းစခန်းနှင့် ကွမ်းလုံစခန်း ကို ထိုးစစ်တိုက်ခိုက်ခဲ့ပါ သည်။ ကွမ်းလုံတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ထံမှ စစ်သုံ့ပန်(၈)ယောက် ဖမ်းဆီးရရှိပြီး လက်နက်ခဲယမ်းအချို့ လည်း သိမ်းဆည်းရမိပါသည်။ ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့သည် ရန်ခန့် နှင့် ရှောက်တင့်ပဒေသများကို ကို ရဟတ်ယဥ်ဖြင့် စစ်ပစ္စည်းများကို လေထီးမှတဆင့် ပို့ချခဲ့သည်ကိုတွေ့ရပါသည်။

မုံးကိုးနှင့် ကွတ်ခိုင်တိုက်ပွဲ

=====

(၁) ရက်နေ့နံနက် (၉း၀၈)နာရီခန့်တွင် MNDAAတပ်ဖွဲ့နှင့် ဒေသလုံခြုံရေးအဖွဲ့တို့မှ နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေချိန်တွင် လုံဖိုင်နေရာအနီးမှ စစ်ကောင်စီတပ်ဖွဲ့ဝင်(၃)ယောက်ဖမ်းဆီးရရှိပြီး တစ်နေ့လုံးတွင် စစ်သုံ့ပန်းစုစုပေါင်း(၅)ယောက်ကို ဖမ်းဆီးရရှိခဲ့ပါသည်။ ညနေ(၃း၃၀)နာရီ ဒေသလုံခြုံရေးအဖွဲ့သည် ပန်ဆိုင်းရှိ စစ်ကောင်စီ၏တပ်စခန်းကို အောင်မြင်စွာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပါသည်။

မူပန်(သိန္နီ)တိုက်ပွဲ

=====

(၁)ရက်နေ့ နံနက် (၄) နာရီခန့် တွင် မူပန်(သိန္နီ)‌ဒေသလုံခြုံရေးအဖွဲ့နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ကွမ်းလုံရှိ စစ်ကောင်စီ တပ်ဖွဲ့၏ အမြောက်တပ်ရင်း(၁၂၇)စခန်းကို ထိုးစစ်တိုက်ခိုက်ခဲ့ပါသည်။ (၄း၁၀)နာရီတွင် ၎င်းစခန်း၏ ပထမတန်း ကာကွယ်ရေးစစ်ကြောင်းကို ထိုးဖောက်နိုင်ခဲ့ပြီး ဒုတိယတန်း ကာကွယ်ရေးစစ်ကြောင်း ကို ဆက်လက်ထိုးစစ်တိုက်ခိုက်ခဲ့ပါသည်။ နံနက် (၈)နာရီခန့်တွင် မူပန်(သိန္နီ)ကျေးရွာအနီးရှိ စကခ(၁၆)ဌာနချုပ် ၏အရှေ့ဘက် မီတာ(၁၅၀)အကွာဒေသတွင် MNDAA နှင့် စစ်ကူလာသောစစ်ကောင်စီသံချပ်ကာအဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ထို့ပြင် အောက်တိုဘာလ (၃၁)ရက်နေ့တွင်လည်း စစ်ကောင်စီ၏ သံချပ်ကာကား(၁)စီး ကိုလည်း ထပ်မံဖျက်ဆီးနိုင်ခဲ့ပါသည်။ (၁)ရက်နေ့နေ့လည် (၁၁) နာရီခန့်တွင် MNDAA မှ မူပန်(သိန္နီ)စစ်ကြောင်း ကို ကွမ်းလုံတံတားကြီးဘက်သို့ ဦးတည်ပြီး စတင်ပြောင်းရွေ့လာခဲ့သည်။ ညနေ (၄း၂၄)နာရီ မှ (၅း၂၈)နာရီအချိန် ထိတွင် MNDAA မှ မေဟန်ကျေးရွာရှိ စစ်ကောင်စီ၏စစ်ဆေးရေးဂိတ်တစ်ခုကို (၃)ကြိမ်တိုင်တိုင် ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ပါသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *