တမူး – ကလေးမြို့နယ်စခန်း ၄ ခုကို သိမ်းလိုက်ပြန်ပီဟေ့

တမူး – ကလေးမြို့နယ်တွင်းရှိ စစ်ကောင်စီတပ်စခန်း ၄ ခုကို PDF သိမ်းပိုက်

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ တမူးနှင့် ကလေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း လေးခုကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း PDF သတင်းအရင်းမြစ်များထံမှ သိရသည်။

တမူးမြို့နယ် အတွင်းရှိ ဝိတုတ်နှင့် ခမ်းပတ်ရဲစခန်း၊ ကလေးမြို့နယ်အတွင်းရှိ ရာဇဂြိုလ်ရဲဘက်စခန်း ၊ ရာဇဂြိုလ်ဆည်ထိပ်လမ်းခွဲ ၊ မြောက်စီးရဲစခန်း ၊ ရန်ကြီးအောင်စခန်း ၊ လက်ပံချောင်း၊ မြောက်ချောတော၊ ကလေးနှင့်ချင်းပြည်နယ်စပ်က သိုင်းငင်းစခန်းများကို နိုဝင်ဘာလ ၃ရက် ယနေ့ နံနက် ၄ နာရီဝန်းကျင်မှစ၍ တိုက်ခိုက်ခဲ့ရာ စခန်းလေးခုကို သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

“ရာဇဂြိုလ်ရဲဘက်စခန်း ၊ မြောက်စီရဲစခန်း ၊ ခမ်းပတ်ရဲစခန်းနဲ့ ဝိတုတ်စခန်းတွေကိုတော့ ကျနော်တို့ရထားပြီ ရှင်းလင်းရေးတွေလုပ်နေတယ်” ဟု ကလေးမြို့နယ် PDF တပ်ဖွဲ့ဝင်တဦးက မဇ္စျိမကို ပြောသည်။

တမူးနှင့် ကလေးမြို့နယ်အတွင်းက ရဲဘက်စခန်းနှင့် ရဲစခန်းလေးခုကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းထားပြီး ကျန်စခန်းတိုက်ပွဲများတွင်လည်း ကာကွယ်ရေးတပ်ဖွဲ့မှ အသာစီးရရှိနေကြောင်း ဆိုသည်။

ယင်းသို့ ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်နေသည့်နေရာများသို့ တပြိုက်နက်တည်း စစ်ကောင်စီတပ်ကလေကြောင်းမှ ပစ်ခတ်နေပြီး ကလေးမြို့တွင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်းဆိုသည်။

“အရင်ကတည်းကလည်း အမြဲလိုလို ထုနေတာပဲ ၊ မနေ့ညနဲ့ ဒီမနက်ကတော့ အုန်းဒိုင်းနဲ့ ဆူညံနေတာပဲ ၊ ရဟတ်ယာဥ်တွေလည်းတက်နေတယ်၊ မြို့ထဲမှာတော့ အစစ်အဆေးကြမ်းနေတယ်၊ အထူးသဖြင့် အမျိုးသားတွေပိုစစ်နေတယ်” ဟု ကလေးမြို့ ဒေသခံ တဦးက ပြောသည်။

အဆိုပါ တိုက်ပွဲများနှင့်ပတ်သက်ပြီး ကာကွယ်ရေးတပ်ဖွဲ့များဖက်မှ ထိခိုက်မှုတချို့ရှိနေပြီး နေအိမ်မီးရှို့မှုများရှိနေကြောင်းသိရသော်လည်း အဖွဲ့အစည်းများမှ တရားဝင်ထုတ်ပြန်မှုများမရှိသေးဘဲ အသေးစိတ် အခြေအနေများ သိရှိနိုင်ရန် မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *