ခဝေးစခန်းပြာကျ(ရုပ်သံ)

နမ့်ခမ်းမြို့နယ် ရဲစခန်း TNLA က တိုက်ခိုက် သိမ်းပိုက်ပြီးနောက် မီးလောင်ပြာကျသွား

ရန်ကုန်၊ နိုဝင်ဘာ ၆

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့ ရဲစခန်း အပါအဝင် အကြမ်းဖက် စစ်တပ်၏ တပ်စခန်း ၄ ခုကို TNLA က ယမန်နေ့ ထပ်မံ တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း TNLA က ကြေညာခဲ့ပြီးနောက် နမ့်ခမ်းမြို့နယ် ရဲစခန်းကို မီးလောင်ပြာကျသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယမန်နေ့တွင် နမ့်ခမ်းမြို့ရှိ ရဲစခန်း၊ စစ်တပ်စခန်းများကို သိမ်းပိုက်နိုင်ခြင်းဖြစ်ပြီး နမ့်ခမ်းမြို့ရဲစခန်းကို ယမန်နေ့ နံနက် ၆ နာရီတွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရဲစခန်းဘက်မှာ မီးလောင်တာတွေ့တယ်။ ရဲစခန်းဘက်ကို လက်နက်ကြီးတွေနဲ့ စစ်တပ်က ထုနေတယ်။ တစ်နေကုန်ပဲ။ မြို့ထဲမှာတော့ လူသိပ်မရှိတော့ဘူး။ အကုန်ပြေးနေရတယ်” ဟု နမ့်ခမ်းမြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး ၁၀ ရက်မြောက်တွင် မြို့ ၄ မြို့နယ် နှင့် စစ်ကောင်စီတပ်စခန်း ၁၂၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *