Breaking News-သတင်းထူး ခရိုင်အဆင့်မြို့ကို သိမ်းပိုက်

Breaking News- မြို့သိမ်းတိုက်ပွဲ ဆင်နွှဲအပြီး ၄ ရက်အကြာ ကောလင်းမြို့ကို တော်လှန်ရေး တပ်ဖွဲ့များ သိမ်းပိုက်၊ ကောလင်း မြို့သိမ်း ဗီဒီယို ရန်ကုန်ခေတ် သစ်၏ တယ်လီဂရမ်တွင် ကြည့်ရှုနိုင်

ရန်ကုန်၊ နိုဝင်ဘာ ၆

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို ယနေ့ နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ပြီး မြို့သိမ်းနိုင်ပြီဖြစ်ကြောင်း ကာကွယ် ရေးဝန်ကြီးဌာန၊ ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။

“မြို့သိမ်းတာဟုတ်ပါတယ်။ နယ်မြေရှင်းလင်းရေးလုပ်နေပါတယ်။ အပေါ် လေ ကြောင်းကို ဂရုစိုက်ရပါဦးမယ်။ အသေးစိတ်ကို MOD ကနေ တစ်ဆင့် ထပ်မံ ထုတ်ပြန်ပါ့မယ်” ဟု ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူက ရှင်းပြသည်။

နိုဝင်ဘာလ ၃ ရက်နေ့မှစတင်ပြီး တော်လှန်ရေးတပ်ဖွဲ့များက ကောလင်းမြို့သိမ်းတိုက်ပွဲအဖြစ် တိုက်ခိုက်ခဲ့ရာ ကောလင်းရဲစခန်း ကို နိုဝင်ဘာလ ၅ ရက်နေ့ ညနေပိုင်းတွင်လည်းကောင်း၊ ကောလင်း အထက ၁ ကျောင်းတွင် စခန်းချထားသည့် စစ်တပ်စခန်းကိုလည်းကောင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် အထွေထွေအုပ်ချုပ်ရေးရုံးအနီးရှိ စစ်တပ်စခန်းချနေရာကိုလည်းကောင်း သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကာကွယ်ရေးဝန်ကြီးဌာနကမူ နိုဝင်ဘာလ ၆ ရက်နေ့တွင် အမှတ်(၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေး အစီအစဥ်ဖြင့် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) နှင့်မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များက စစ်ကိုင်းတိုင်း၊ ကောလင်း ခရိုင်၊ ကောလင်းမြို့ကို အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင် ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ကောလင်းမြို့ရှိ ရန်သူ့တပ်ဖွဲ့ဝင်များ အခြေပြုတပ်စွဲထားသည့် ကောလင်းရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေးရုံး၊ အထက်တန်း ကျောင်း၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့ကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရန်သူ့အုပ်ချုပ်ရေး ယန္တရားရပ်တန့်သွားခဲ့ကာ ကောလင်းမြို့ကို အောင်မြင်စွာ သိမ်း ပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ခရိုင်အဆင့်မြို့ကို ပထမဆုံးအကြိမ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယမန်နေ့ညနေထိ လက်နက် မျိုးစုံ (၅၄)လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိပြီး စစ်ဆင်ရေးဆိုင်ရာ အချက်အလက်များကို မကြာခင် အသေးစိတ်ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

ဓာတ်ပုံ- ကောလင်းတွင် မြို့သိမ်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်၏ အလောင်းများကို ရှင်းလင်းနေရစဉ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *