ကြာအင်းဆိပ်ကြီး ဒုန်း ဒုန်း ဒုန်း အားရကျေနပ်

ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ စစ်စခန်းများနှင့် ထောက်ပို့ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားပြီး လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၅

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်စခန်း များနှင့် ထောက်ပို့ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄၅ ဦး သေ ဆုံးပြီး လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း တောင်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂ ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံး၊ လဝကရုံး၊ သစ်တောရုံးနှင့် မီး သတ်ရုံးတို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို KNLA ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ MA-1 သေ နတ် ၁ လက်၊ MA-2 စက်လက် ၁ လက်၊ ပူးတွဲဗုံးလောင်ချာ ၁ လက်၊ ကျည်အိမ် ၁၅ ခု၊ ၅.၅၆ ကျည် ၇၉၀ တောင့်၊ ဦးထုပ်နှင့် ကျည်ကာ ၁ စုံ၊ ကွန်ပျူတာနှင့် မှတ်တမ်းအချို့သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA ၊အထူးစစ်ဆင်ရေးတပ်ဖွဲ – S.O.F ၏ စစ် ကြောင်း ၂ စစ်ကြောင်းမှုးဦး ဆောင်သော တပ်ဖွဲ့၊ Lion Battalion စစ်ကြောင်း၊ ပုဏ္ဏက တပ်ဖွဲ့ ၊ Cloud Wings ဒရုန်းတပ်ဖွဲ့ တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၂ ရက်နံနက် ၇ နာရီခွဲမှ ညနေ ၄ နာရီခန့်အထိ အကြမ်း ဖက် စစ်ကောင်စီ၏ နယ် စပ်အထိုင်စခန်းဖြစ်သော ကွီလုံတိုင်စစ်စခန်းကို KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ – S.O.F ၏ တပ်ဖွဲ့မှူး ဦးဆောင် သောစစ်ကြောင်း ၊ Federal Wings၊ SOG၊ Cloud Wings ဒရုန်းတပ်ဖွဲများမှ စခန်းအတွင်း ဝင် ရောက်တိုက်ခိုက်ခဲ့ အကြမ်းဖက် စစ်သား ၄ ဦးသေဆုံးပြီး တချို့မှာ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၂၆ ရက် နှင့် ၂၇ ရက်နေ့များတွင် ၊ KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ၊ အ ကြမ်းဖက်စစ်တပ်၏ ဖိုးချီးမူးစခန်းသို့ ရိက္ခာနှင့်လက်နက်ခဲယမ်းလာရောက် ပို့ဆောင်လာသော အင်အား ၁၀၀ ခန့်ရှိ ခမရ ၃၅၈ ၊ ခမရ ၅၅၈၊ ခလရ ၅၆၁ ၊ ခလရ ၅၅၇ စစ်ကြောင်းကို KNLA ပူးပေါင်း တပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၂ ရက်ဆက်တိုက် တိုက်ပွဲပြင်း ထန်ခဲ့ပြီး အကြမ်းဖက်စစ်သား ၃၀ ဦးခန့်သေဆုံးကာ အများ အပြား ဒဏ်ရာရရှိခဲ့ပြီး ပြန်လည် ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ S.O.F၏ စစ်ကြောင်း ၁ စစ်ကြောင်းမှူး ဦး ဆောင် သော တပ်ဖွဲ့နှင့် တော်လှန်ရေး ပူးပေါင်းအဖွဲများက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ ကာကွယ် ရေး တပ်မတော်၊ အထူး စစ် ဆင်ရေးတပ်ဖွဲ – S.O.F (၉၉၉၉/ အထူးတပ်ဖွဲ) အနေဖြင့် တောင်ပိုင်းစစ်ဒေသအတွင်း၌ ကျေးလက်နှင့် မြိုတွင်းစစ်ဆင်ရေး တာဝန်များကို ဆက်တိုက် အရှိန်မြှင့်ဆောင် ရွက်လျက် ရှိကြောင်း၊ အဆိုပါ တိုက်ပွဲ များ အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား အများအပြားကို ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်း သိမ်းဆည်းရရှိကာ S.O.F နှင့် ပူးပေါင်းအဖွဲ့ များမှ ရဲဘော်တစ်ချို့တိုင်းပြည်အတွက် မြင့်မြတ်စွာအသက် ပေးလှူခဲ့ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *