အပုံလိုက်ပဲဟေ့ မယုံမှာစိုးလို့ (ဗီဒီယိုဖိုင်)ပါ ‘မ’လာတယ်

“မင်းတို့ အစွမ်းအစ ရှိရင် မြို့တမြို့လောက်ပဲ သိမ်းပြပါလား” လို့ ၂၀၂၂ နှောင်းပိုင်းမှာ လေကျယ်နေခဲ့တဲ့ စခတွေ…..ခမျာ

အခု ၂၀၂၃ နှောင်းပိုင်းမှာတော့ တော်လှန်ရေးတပ်တွေအနေနဲ့ စစ်ကိုင်းက ကောလင်းမြို့ကို သိမ်းပိုက်လိုက်တာကြီး အောင့်သက်သက်နဲ့ မြင်ဖူးသွားရပြီ

ရှမ်းမြောက်က မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေ သိမ်းပိုက်ထားပြီးတဲ့ မြို့ ၄ မြို့ကို ရောပြောတာ မဟုတ်ဘူးနော်။

ဒီတခါက စစ်ကိုင်းတိုင်းရဲ့ ကောလင်းမြို့ကို သိမ်းပြီးတာ။ ❤️

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို ယနေ့ နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ပြီး မြို့သိမ်းနိုင်ပြီဖြစ်ကြောင်း ကာကွယ် ရေးဝန်ကြီးဌာန၊ ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုသည်။

“မြို့သိမ်းတာဟုတ်ပါတယ်။ နယ်မြေရှင်းလင်းရေးလုပ်နေပါတယ်။ အပေါ် လေ ကြောင်းကို ဂရုစိုက်ရပါဦးမယ်။

အသေးစိတ်ကို MOD ကနေ တစ်ဆင့် ထပ်မံ ထုတ်ပြန်ပါ့မယ်” ဟု ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူက ရှင်းပြသည်။

ကောလင်းမြို့ရှိ ရန်သူ့တပ်ဖွဲ့ဝင်များ အခြေပြုတပ်စွဲထားသည့် ကောလင်းရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေးရုံး၊ အထက်တန်း ကျောင်း၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့ကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက်

ရန်သူ့အုပ်ချုပ်ရေး ယန္တရားရပ်တန့်သွားခဲ့ကာ ကောလင်းမြို့ကို အောင်မြင်စွာ သိမ်း ပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ခရိုင်အဆင့်မြို့ကို ပထမဆုံးအကြိမ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊

ယမန်နေ့ညနေထိ လက်နက် မျိုးစုံ (၅၄)လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိပြီး စစ်ဆင်ရေးဆိုင်ရာ အချက်အလက်များကို မကြာခင် အသေးစိတ်ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *