ဒီကာလအတွင်း အများဆုံးထောက်ပို့ဆုကို’ ဘပု’ကရရှိ

ကိုးကန့်ဒေသနှင့် သိန္နီရှိ စစ်ကောင်စီ၏ တာဂန်ထန် ဗျူဟာစခန်း အပါအဝင် စခန်း ၄ ခု၊ စစ်ယာဉ်တန်းတို့ကို MNDAA က တိုက်ခိုက် သိမ်းပိုက်

ရန်ကုန်၊ နိုဝင်ဘာ ၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသနှင့် သိန္နီမြို့နယ်တွင် စစ်ကောင်စီ၏ တာဂန်ထန်စခန်း အပါအဝင် စခန်း ၄ ခုနှင့် စစ်ယာဉ်တန်းတို့ကို ကို MNDAA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်း အမြောက်အမြားရရှိကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၄ ရက်နေ့ တွင် MNDAAက ကိုးကန့်နယ်မြေတွင် စစ်ကောင်စီ၏ မဟာဗျူဟာ စခန်းဖြစ်သော တာဂန်ထန်စခန်းကို တိုက်ခိုက်ခိုက်ရာ စစ်သားများ လက်နက်ကို စွန့်၍ ထွက်ပြေးကြကြောင်း၊ ကိုးကန့်တပ်ပေါင်းစုက နိုဝင်ဘာ ၄ ရက်မှ ၅ ရက်နေ့အထိ တာဂန်ထန်စခန်းကို ထိုးစစ်ဆင်ခဲ့ပြီး စစ်တပ်က လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၉ နာရီတွင် ထိုးစစ်ဆင်ခဲ့ရာ နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၃ နာရီ ၅ မိနစ်အချိန်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြည်သူများနေထိုင်သော ကျေးရွာများကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲရာ ပြည်သူ ၃ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

ထို့ပြင် နိုဝင်ဘာလ ၄ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်မှ နိုဝင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းအထိ တော်လှန်ရေးတပ်များက ဒရုန်းများဖြင့် လားရှိုးနယ်မြေရှိ တပ်ရင်း ၅၀၇ ၊ တပ်ရင်း ၂၉၁ တို့ကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာ ၅ ရက် မွန်းလွဲ ၃ နာရီတွင် မဟာမိတ်တပ်ဖွဲ့က သိန္နီမြို့နယ်တွင် စစ်ကူတက်လာသော စစ်ယာဉ်တန်း ၅ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ကား ၁ စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး ကားပေါ်မှ ၆၀ မမ မော်တာကျည် ၂၀၀ တောင့်၊ လက်ပစ်ဗုံး ၁၅၀ လုံး၊ ချေမှုန်းရေးရိုင်ဖယ်တစ်လက်၊ ကျည်ဆန်သေတ္တာ ၂၂ လုံးနှင့် ဆေးဝါးပစ္စည်းမျိုးစုံတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ၊ နိုဝင်ဘာ ၅ ရက်နေ့ ည ၉ နာရီမှ ၁၀ နာရီအထိ မဟာမိတ်တပ်ခွဲက ဒရုန်းများဖြင့် စစ်ကောင်စီ၏ တပ်ရင်း ၂၉၁ ကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မုံးကိုးဒေသတွင်လည်း စစ်ကောင်စီတပ်၏ စခန်းတစ်ခုကိုယနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

ယနေ့ နံနက်ပိုင်း ကိုးကန့်ဒေသတွင်ပင် စစ်ကောင်စီ၏ တပ်စခန်း နှစ်ခုကို ထပ်မံ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *