နဂါးကအိပ်နေတုန်းလား ယင်းမာပင်မြို့နယ်ရှယ်ဆော်(ရုပ်သံ)

ယင်းမာပင်မြို့နယ် ရွှေတောင်ဦးကုန်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

+++++++++++++++

နိုဝင်ဘာလ ၇

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦး (ခ) သီတဂူမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brother Defense Force မှ သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၆ ရက်နေ့ ညနေ့ ၄ နာရီ ၁၅ မိနစ်က ၈၀ မမ၊ ၁၂၀ မမ လက်နက်ကြီးတွေအပြင် လက်နက်ငယ်တွေနဲ့ ရွှေတောင်ဦး (ခ) သီတဂူမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အထက်ပါစစ်ဆင်ရေးကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ခွဲ ၁ Brother Defence Force၊ မဲမှောင်ပျောက်ကြားတပ်နဲ့ ယင်းမာပင် -ဆားလင်းကြီးလက်နက်ကြီးမဟာမိတ်တပ်ပေါင်းစုတို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *