၁၁ မြောက်နေ့ စခန်း၁၁၂ခုသိမ်းအောင်ပွဲ(ရုပ်သံ)

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်MNDAA က စစ်ကောင်စီတပ်ရဲ့ စခန်း အကြီးအသေး ၁၁၂ ခုကို သိမ်းယူထား (ရုပ်/သံ)

+++++++++++++++++

နိုဝင်ဘာ ၇ ရက်

၁၀၂၇ စစ်ဆင်ရေး ၁၁ မြောက်နေ့ နိုဝင်ဘာ ၆ ရက်က မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်MNDAA မှ ကိုးကန့် တုန်းရှမ်းဒေသ ရှင်ရွှေထန်တွင်ရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး တိုက်ပွဲ ၁၀ မိနစ်အကြာမှာ စခန်းကို သိမ်းယူခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကိုးကန့်ရှင်းဝမ်ဒေသ ရှင်ဟွာကျေးရွာအုပ်စု တုံရပ်ထန်ပေါက်ပေါက်တောင်ကုန်းနဲ့ ကျင်ဖန်ဟော်နေရာရှိ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းယူခဲ့ပြီး စစ်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်တွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်MNDAA ဟာ စစ်ကောင်စီတပ်ရဲ့ စခန်းအကြီးအသေး ၁၁၂ ခုကို သိမ်းယူထားပြီဖြစ်တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *