လွတ်မယ်ထင်လို့ပြေးတာပါ

ချောင်းဦးမြို့နယ်၊ မြပုလဲဆီဆိုင်ဂိတ်စခန်း တိုက်ခိုက်မှုအတွင်း ထွက်ပြေးလာသည့် ပျူစောထီး ၂ ဦးကို သေနတ် ၂ လက်နှင့်အတူ ဖမ်းမိ

ရန်ကုန်၊ နိုဝင်ဘာ ၇

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မြပုလဲဆီဆိုင်၌ တပ်စွဲထားသော အကြမ်းဖက်စစ်တပ်ဂိတ်ကို ဝင် ရောက်တိုက်ခိုက်မှုအတွင်း ထွက်ပြေးလာသည့် ပျူစောထီး ၂ ဦးကို သေနတ် ၂ လက်နှင့်အတူ ဖမ်းမိ ခဲ့ကြောင်း Area 71 People’s Defense Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၄ ရက် နံနက် ၈ နာရီခန့်က မြပုလဲဆီဆိုင်ဂိတ်မှ ထွက်ပြေးသွားသည့် အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို လက်ရဖမ်းဆီးနိုင်ရန် နီးစပ်ရာတောများအတွင်း အဖွဲ့ ၃ ဖွဲ့ခွဲကာ တောနင်းရှာဖွေစဉ် စိုက်ခင်းတစ်ခုကြား ပုန်းခိုနေသော ပျူစောထီး ၂ ဦးကို ကာဘိုင် သေနတ် ၂ လက်နှင့်အတူ ဖမ်းဆီး နိုင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရေမြောင်း ကျည်းကျည်းလေးထဲမှာ ပုန်းနေကြတာ၊ သူတို့ တက်နင်းမိလို့ တွေ့တာ၊ သူတို့ဝတ်ထားတဲ့ ယူနီဖောင်းနဲ့ မြေပြင်က ရောနေတာ၊ ဟာသတွေကို ဖြစ်လို့၊ သူတို့ကသာ ပြန်ခုခံလိုက်ရင် ကျနော်တို့ ဘက် ထိနိုင်တယ်၊ သူတို့လည်း သေမှာပဲ” ဟု Area 71 People’s Defense Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ ဖမ်းဆီးရရှိသည့် ပျူစောထီး ၂ ဦးနှင့်အတူ ကာဘိုင်သေနတ် ၂ လက်ကို NUG အစိုးရ လက် အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သို့ နိုဝင်ဘာလ ၄ ရက်နေ့ကတည်းက လွှဲပြောင်းပေး အပ်လိုက် ပြီဖြစ်ကြောင်း၊ စစ်အာဏာရှင်အမြစ်ဖြတ်ရေးအတွက် မည့်သည့် တော်လှန်ရေးအဖွဲ့အစည်းနှင့်မဆို ပူးပေါင်းကာ တော်လှန်ရေးကြီးအောင်မြင်ပြီးဆုံးသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း Area 71 People Defense Force က ထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *