တစ်လှိုင်းပြီး တစ်လှိုင်းပြီးလာမယ် ပြည်သူတွေဘေးကင်းပါစေ

ထီးချိုင့်မှာ ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး စစ်တပ်နဲ့ ရဲစခန်းများတွင် သွားရောက် ခိုလှုံနေပြီး ရုံးများပိတ်ထား၊ ပြည်သူအများစု မြို့ကို စတင်စွန့်ခွာ တိမ်းရှောင်

++++++++++++++++++++++++++++++++

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် အနီးစပ်ဆုံးမြို့ဖြစ်တဲ့ ထီးချိုင့်မှာ စစ်ကောင်စီဝန်ထမ်းများ စစ်တပ်တပ်ရင်းများနှင့်ရဲစခန်များတွင် သွားရောက် တိမ်းရှောင်ပြီး ရုံးများပိတ်ထားလိုက်ပြီလို့ သတင်းရရှိပါတယ်။

ကောလင်းနှင့်နီးကပ်နေတဲ့ မြို့ဖြစ်တဲ့ထီးချိုင့်မှာ တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်မည်ကို ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံးက စိုးရိမ်နေကြလို့ ကြိုတင်ပြင်ဆင်နေခြင်းလည်းဖြစ်ပါတယ်။

အလားတူ စစ်ကိုင်းတိုင်း ထီးချိုင့်တွင် တော်လှန်ရေးတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမည်ဆိုပါက စစ်တပ်က ရမ်းကားပစ်ခတ်မည့် လေကြောင်းအန္တရယ်နှင့် လက်နက်ကြီးအန္တရယ်စိုးရိမ်သောကြောင့် မြို့လုံးကျွတ်နီးပါး ပြည်သူများ မြို့ကို စွန့်ခွာတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *