တောင်နဲ့မြောက် ဘယ်ကိုပို့ပို့မြေဩဇာဖြစ်မျာပဲ

ကနီနှင့် ယင်းမာပင်နယ်စပ်၌ လနှင့်ချီ၍တပ်စွဲထားသောစစ်ကောင်စီစစ်ကြောင်း ရုတ်တရက် ပြန်ဆုတ် ၊ရှမ်းမြောက်သို့ စစ်ကူ‌စေလွှတ်ရန်ဟုစုံစမ်းသိရ

စစ်ကိုင်းတိုင်းကနီနှင့် ယင်းမာပင်နယ်စပ်၌ လနှင့်ချီ၍တပ်စွဲထားသော အင်အား ၂၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းသည် မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ရုတ်တရက် ပြန်ဝင်သွားပြီး ရှမ်းမြောက်ဒေသသို့ စစ်ကူ‌ စေလွှတ်သွားရကြောင်းသတင်းရရှိသည်။

“လချီတပ်စွဲထားတဲ့ စစ်ကြောင်း မုံရွာနမခကို ပြန်ထွက်သွားပြီ။ ရုတ်တရက် ပြန်ထွက်သွားတာ။ ကျွန်တော်တို့ ရဲဘော်တွေတောင် နယ်မြေရှင်းလင်းရေး ဝင်နေပါပြီ” ဟု ယင်းမာပင်ခရိုင်အခြေစိုက်ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု (ULF)မှ ပြန်ကြားရေးတာဝန်ခံကပြောသည်။

 ကနီနှင့် ယင်းမာပင်နယ်စပ်၌ လနှင့်ချီ၍တပ်စွဲထားသောစစ်ကောင်စီစစ်ကြောင်း ရုတ်တရက် ပြန်ဆုတ် ၊ရှမ်းမြောက်သို့ စစ်ကူ‌စေလွှတ်ရန်ဟုစုံစမ်းသိရ

သရဖူ/People’s Spring

စစ်ကိုင်းတိုင်းကနီနှင့် ယင်းမာပင်နယ်စပ်၌ လနှင့်ချီ၍တပ်စွဲထားသော အင်အား ၂၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းသည် မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ရုတ်တရက် ပြန်ဝင်သွားပြီး ရှမ်းမြောက်ဒေသသို့ စစ်ကူ‌ စေလွှတ်သွားရကြောင်းသတင်းရရှိသည်။

“လချီတပ်စွဲထားတဲ့ စစ်ကြောင်း မုံရွာနမခကို  ပြန်ထွက်သွားပြီ။ ရုတ်တရက် ပြန်ထွက်သွားတာ။ ကျွန်တော်တို့ ရဲဘော်တွေတောင် နယ်မြေရှင်းလင်းရေး ဝင်နေပါပြီ” ဟု ယင်းမာပင်ခရိုင်အခြေစိုက်ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု (ULF)မှ ပြန်ကြားရေးတာဝန်ခံကပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ကနီနှင့် ယင်းမာပင်နယ်စပ်ရှိ ပန်းထိမ်ပြင်၊ နှောပင်၊ ကျောက်ကုန်း၊ သံဘို၊ ကျောက်မှော်ရွာပတ်ဝန်းကျင်များတွင် ပြီးခဲ့သည့် ဩဂုတ်လကတည်းက တပ်စွဲထားခြင်းဖြစ်သည်။ ထို့ကြောင့် ဒေသခံများသည် ကကာလရှည်ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရသည်။ ထိုစစ်ကြောင်းသည် နိုဝင်ဘာလ ၁ ရက်တွင် ရုတ်တရက် ပြန်ထွက်သွား၍ ဒေသခံများ ပြန်လည်နေထိုင်ရန် ပြင်ဆင်နေသည်။

“ရှမ်းမြောက်ကို သွားရမှာမို့ ဒီကနေ ပြန်ဆုတ်တာလို့ ကြားတယ်။ဖရဲသီးသတင်းပါ။ ရှေ့က သွားတဲ့သူတွေ ကျကုန်လို့ ဖုန်းဆက်ပြီး ငိုယိုနေတယ်လို့ ကြားပါတယ်” ဟု ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။

မုံရွာနမခ က ရှမ်းပြည်နယ်​မြောက်ပိုင်းသို့ စစ်ကူပို့​သော

​ခြေမြန်တပ်ရင်း-ခမရ (၁၃)မှ စစ်သား ၇၀ ​ကျော်သည်ရှမ်းပြည်နယ်​​မြောက်ပိုင်းတိုက်ပွဲတွင် ​အောက်တိုဘာ ၂၈ ရက်က တပ်ရင်းတစ်ခုလုံးနီးပါး​သေဆုံးပြီး ၃ ဦးသာအသက်ရှင်ကာ စစ်သုံ့ပန်အဖြစ် ​တော်လှန်​ရေးအဖွဲ့များကဖမ်းဆီးခဲ့သည်။

စစ်ကောင်စီစစ်ကြောင်း သုံးလခန့် တက်စွဲခဲ့သည့်ရွာများသည် အလွန်အမင်းပျက်စီးနေပြီး  ရေစက်၊ ပန်ကာကဲ့သို့ အိမ်သုံးပစ္စည်းများကိုပါ ဖျက်ဆီးထားသည်ကိုတွေ့ရသည်ဟု ဒေသခံများကပြောသည်။ 

ထိုစစ်ကြောင်း တပ်စွဲထားသည့် သုံးလခန့်အတွင်း တိုက်ပွဲများ မကြာခဏ ဖြစ်ခဲ့သည်။ စစ်ကောင်စီဘက်က ၄၀ ဦးထက်မနည်း သေဆုံးကာ ကာကွယ်ရေးရဲဘော် ငါးဦးထက်မနည်း ကျဆုံးခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၌ ညီနောင်မဟာမိတ်သုံးဖွဲ့ က ၁၀၂၇ စစ်ဆင်​ရေးဖြင့် စခန်းသိမ်း၊မြို့သိမ်းတိုက်ပွဲများဆင်နွှဲ နေချိန်တွင် စစ်ကိုင်းတိုင်းရောက် စစ်ကောင်စီတပ်ဖွဲ့များသည် စစ်ရေးမဖော်ဆောင်ရဲကြတော့ဘဲ PDF များအား ရှောင်ကွင်း၍ နေရာရွှေ့ပြောင်းနေကြောင်းလည်း  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သတင်းရရှိသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းမြို့နယ်အချို့၌ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က  ခေါင်းဆောင်ကာ ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာလ ၂၇ရက်မှစကာ  ဆင်နွှဲနေပြီး စစ်ကောင်စီစခန်းများအား တိုက်ခိုက်နေသည်။ ယနေ့သည် ၁၀၂၇ စစ်ဆင်ရေး ၉ ရက်မြောက်ဖြစ်သည်။ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များက  ၈ ရက်အတွင်း မြို့​လေးမြို့နှင့် စစ်​ကောင်စီတပ်စခန်း( ၁၀၀ )ဝန်းကျင်ကို သိမ်းယူထားသည်။ ထို့ကြောင့် စစ်ကောင်စီက ရှမ်းမြောက်ဒေသသို့ စစ်ကူပို့ရန် နည်းမျိုးစုံကြိုးစားနေသည်။ ​

တချိန်တည်းတွင်စစ်ကိုင်းတိုင်း မြို့နယ်အချို့တွင်လည်း ​တော်လှန်​ရေးအဖွဲ့များက စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲများကို နိုဝင်ဘာလ ၃ရက်မှ စ၍ တိုက်ခိုက်နေသည်။

(မုံရွာ နမခ မှတစ်ဆင့်ရှမ်းပြည်​မြောက်ပိုင်းသို့ ​စေကူပို့ခံရသာ ခမရ (၁၃)စစ်​ကြောင်း ​အောက်တိုဘာ ၂၈ ရက်တွင်စစ်​ကြောင်းတစ်ခုလုံးနီးပါး​သေဆုံးပြီး​နောက် အဖမ်းခံရ၍ အသက်ရှင်ကျန်ခဲ့​သော စစ်သား ၂ ဦးကို​တော်လှန်​ရေးအဖွဲ့များက​မေးမြန်း​နေစဥ်။ဓါတ်ပုံ-The Kokang)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *