ဘယ်နေရာမှမလွတ်ဘူး အမြဲကြောက်စိတ်နဲ့နေရမယ်

ပုလဲမြို့မှ ထွက်လာသော စကစယာဥ်တန်းတစ်စီးမိုင်းထိကာ တစ်စီးမှာ မိုင်းသံကြား၍ မောင်းပြေးသဖြင့်ချောက်ထဲ ပြုတ်ကျ

==============

နိူဝင်ဘာ၇ရက်

ပုလဲမြို့မှ ထွက်လာသော စကစယာဥ်တန်းတစ်စီးမိုင်းထိကာ တစ်စီးမှာ မိုင်းသံကြား၍ မောင်းပြေးသဖြင့်ချောက်ထဲ ပြုတ်ကျခဲ့တယ်လို့သတင်းရရှိပါတယ်။

နိူဝင်ဘာ၆ရက်စစ်ရေးသတင်းကို Salingyi Special Task Force – SSTFကအတည်ပြုပါတယ်။

“နိုဝင်ဘာလ (၅)ရက်နေ့ ည ၁၂နာရီ ၁၅မိနစ်အချိန်တွင် ပုလဲမြို့ပေါ်သို့ရောက်ရှိနေသော အကြမ်းဖက်စစ်ကောင်စီ စခများသည်အများပြည်သူများအိပ်မောကျနေချိန် အလှစ်အငိုက်တွင် ကျားတက်ရွာရဲစခန်းဘက်သို့ဦးတည်၍ လမ်းမကြီးအတိုင်း ယာဥ်တန်းနှင့်အတူ လက်နက်ငယ်၊လက်နက်ကြီးများဖြင့် ကြောက်စိတ်ကြီးမားစွာကားလမ်းတလျှောက် ရမ်းသမ်းပစ်ခတ်လာခဲ့ပါတယ်။ ပုလဲမြို့မှအထွက် တစ်မိုင်ကျော်ကျော် အကွာအဝေးတွင် ကျွန်တော်တို့ Salingyi Special Task Force – SSTF (ယင်းမာပင်ခရိုင် တပ်ရင်း ၁၄၊ ၁၅) နှင့် နယ်မြေခံ ပကဖ များပူးပေါင်း၍ လက်နက်ကြီးများ ကျည်များအကြားတွင် ရဲဘော်များမှ အသက်ကိုပဏာန မထားပဲ ယာဥ်တန်းအားမိုင်းဆွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ကားတစ်စီးပျက်စီးဆုံးရှုံးခဲ့ပါတယ်”လို့ဆိုပါတယ်။

 ထိုယာဥ်တန်းမှ ဦးဆောင်ထွက်လာသော ရှေ့ပြေး စကစပထမဆုံးကားမှာ ရဲဘော်များ၏မိုင်းဒဏ်ကို ကြောက်စိတ်အလွန်ကြီးမားစွာဖြင့် တစ်ရှိန်ထိုးမောင်းနှင်ခဲ့ရာ ယခင်လမ်းကြောင်းဖြတ်တောက်ထားသည့်နေရာ၊မိုးခါမုန်တိုင်းကြောင့် တံတားပျက်နေ့သည့် ချောက်ထဲသို့ထိုးကျခဲ့တယ်လို့ဆိုပါတယ်။

ထိုတိုက်ခိုက်မှု့ကြောင့် အကြမ်းဖက်စစ်ကောင်စီ တပ်များ ထိခိုက်ဒဏ်ရာများစွာ ရရှိပြီး၊ကား ၂စီးဖျက်စီးနိုင်ခဲ့ပါတယ်။

 Salingyi Special Task Force – SSTF မှ ၄၀မမ ဗုံးသီး ၅လုံးနှင့်အတူ စစ်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *