Congratulationsတစ်ချက်ရှိူး၇ မြို့အပိုင် စားလိုက်ပီနောက်ထပ်မြို့ကြီးတွေ လာမည်

မုံးကိုး တရုတ်-မြန်မာ နယ်စပ်ဂိတ်မှာ ကိုးကန့်အလံ စိုက်ထူနိုင်ပြီလို့ MNDAA အသိပေး

နိုဝင်ဘာလ ၇ ရက်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တရုတ်-မြန်မာ နယ်စပ်ဂိတ်ဖြစ်တဲ့ မုံးကိုးဂိတ်မှာ ကိုးကန့် အလံ ပြန်လည် စိုက်ထူနိုင်ပြီလို့ MNDAA က ဒီကနေ့ နိုဝင်ဘာ ၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

တရုတ်-မြန်မာနယ်စပ်၊ မုံးကိုးမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ် သိမ်းပိုက်နိုင်ပြီဟုဆို၊ ၁၀၂၇ စစ်ဆင်ရေး ၁၂ ရက်အကြာတွင် တော်လှန်ရေးတပ်ဖွဲ့က သိမ်းယူလိုက်သော မြို့ ၅ ခု အထိ ရှိလာပြီ

■ စစ်ကိုင်းတိုင်းတွင် ကောလင်းမြို့နှင့် ခမ်းပတ်မြို့ကို သိမ်းပိုက်လိုက်ရာ တစ်နိုင်ငံလုံးတွင် တော်လှန်ရေးတပ်ဖွဲ့များက မြို့ ၇ ခုကို သိမ်းယူထားနိုင်ပြီ

ရန်ကုန်၊ နိုဝင်ဘာ ၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ တရုတ်-မြန်မာနယ်စပ် ၊ မုံးကိုးမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ်သိမ်းပိုက်နိုင် ပြီဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့၏ ရှေ့တန်းသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ဒီနေ့ မုံးကိုးမှာ ကြီးကြီးမားမား စစ်တပ် ဗျူဟာစခန်း၊ တပ်စခန်း မရှိတော့ပါဘူး။ ပန်လုံဗျူဟာလည်း ကျပြီ၊ မုံးကိုးဗျူဟာလည်းရပြီ။ စစ်တပ်ရဲ့ ကြီးကြီးမားမား တပ်စခန်းနဲ့ ဂိတ်စခန်းဆိုတာမ ရှိတော့ပါဘူး။ တစ်မြို့လုံး ရပြီလို့ ပြောလို့ရပါတယ်” ဟု ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

ကိုးကန့် MNDAA ကမူ (၇) နှစ်တိုင်တိုင်ကျော်ဖြတ်ခဲ့ပြီးနောက် မုံးကိုးနယ်စပ်ဂိတ်မှာ MNDAA ၏ အလံကိုနောက်တစ်ကြိမ် ထပ်မံထူထောင်နိုင်ခဲ့ကြောင်း ဗီဒီယိုနှင့်တကွ သတင်းထုတ်ပြန်ခဲ့သော်လည်း မုံးကိုးမြို့ကို သိမ်းပိုက်ရရှိသည်ဟု တရားဝင် ကြေညာခြင်း မရှိသေးပေ။

လတ်တလော မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များက သိမ်းယူထားသော မြို့ ၅ မြို့ရှိလာပြီး ချင်းရွှေဟော်၊ ကြူကုတ်(ပန်ဆိုင်း)၊ သိန္နီ၊ ဖောင်းဆိုင်နှင့် ယခုနောက်ဆုံး မုံးကိုးမြို့ကို သိမ်းယူနိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အခြားတစ်ဖက်တွင်လည်း PDF များ၊ တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင်နေသော တော်လှန်ရေးတပ်ဖွဲ့များကလည်း ကောလင်းမြို့ကို သိမ်းယူပြီးနောက် ယနေ့တွင် တမူးမြို့နယ်အတွင်းရှိ ခမ်းပတ်မြို့ကို သိမ်းပိုက်လိုက်ကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *