အဘရေကယ်ပါအုံး ဟုတ်ပီ ဟုတ်ပီ လေးစားပါတယ်(ရုပ်သံ) ညည်းသံလေးပါပါသေး

စခန်းသိမ်းခံနေရစဉ် အဘများထံ လေကြောင်းပစ်ကူတောင်းခဲ့သော်လည်း မရခဲ့ကြ (အကူညီတောင်းခံနေသည့် အသံဖိုင်)

RNA_နိုဝင်ဘာ(၇)၊၂၀၂၃ ခုနှစ်။

ရဲစခန်းသိမ်းတိုက်ပွဲဆင်နွှဲခံရချိန် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ တပွင့်ဗိုလ်အေးမင်းစိုးနှင့် တပ်သားတဦးတို့ ၎င်းတို့ အဘများထံ လေကြောင်းပစ်ကူတောင်းခဲ့သော်လည်း လေယာဉ်လေထဲ တက်နေပြီ၊ ၁၅ မိနစ်အတွင်း ရောက်မည်ဟု ပြောကြားခဲ့သော်လည်း စခန်းတခုလုံး အသိမ်းခံရသည့်အချိန်ထိ လေယာဉ်ပစ်ကူ မရခဲ့ကြကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ်၊ မင်းရွာရှိ ရဲစခန်းသိမ်းတိုက်ပွဲကို ခရိုင် PDF တပ်ခွဲဲများ၊ ABSDF၊ Hyper UAV Force၊ နယ်မြေခံ ပကဖပူးပေါင်းအဖွဲ့မှ နိုဝင်ဘာ ၃ ရက်နေ့က တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီလက်အောက်ခံ ဗိုလ်အေးမင်းစိုးအပါအဝင် (၆) ဦးသေဆုံးကြောင်း၊ (၁၁) ဦးလက်နက်ချ အညံ့ခံကာ ၄ ဦးထွက်ပြေးကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကာ စခန်းကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *