ပြည်သူ့ရင်ခွင်မှ နွေးထွေးစွာကြိုဆိုပါတယ်…..

ဖယ်ခုံအခြေစိုက် ခမရ ၄၂၂ တပ်ရင်းမှ တပ်သား ၁ ဦး လက်နက်ဖြင့် ထွက်ပြေးလာပြီး အလင်းဝင်

ရန်ကုန်၊ နိုဝင်ဘာ ၈

ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့ အခြေစိုက် ခမရ ၄၂၂ တပ်ရင်းမှ တပ်သား ၁ ဦး ရှမ်းပြည်နယ် လက်နက်ဖြင့် ထွက်ပြေးလာပြီး အလင်း ဝင်ရောက်လာကြောင်း PEKHON PDF -2 (B-1006) က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖယ်ခုံ အခြေစိုက် ခမရ -၄၂၂ တပ်ရင်းမှ တပ်သား ၁ ဦးသည် ကရင်နီပြည်နယ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်ရင်းများကို ရှမ်းပြည်နယ် မြောက်ပိုင်း စစ်မျက်နှာသို့ ပို့ဆောင်ရေးလမ်းကင်း လုံခြုံရေး ဆောင်ရွက်နေစဥ် ထွက်ပြေးလွတ်မြောက်လာပြီး B-1006 ဗိုလ်တထောင်တပ်ခွဲထံ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အလင်းဝင်လာသော စစ်ကောင်စီ တပ်သားကို ဗိုလ်တထောင်တပ်ခွဲက ဆုငွေပေးအပ်ကာ ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း၊ စက်တင်ဘာလ ကလည်း စစ်ကောင်စီ တပ်သား ၃ ဦး PEKHON PDF -2 (B-1006) ထံလက်နက်ခဲယမ်း အပြည့်စုံဖြင့် အလင်းဝင်လာကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *