မုံးကိုးမြို့နယ်ကတော့သာယာသွာပြီး တစ်နိုင်ငံလုံးမြန်မြန်သာယာပါစေ

မုံးကိုးမြို့နယ်တွင် စစ်စခန်းများ လုံးဝမရှိတော့ဘဲ မြို့နယ်ထိန်းချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးများ လုပ်ဆောင်နေ

■ ညီနောင် မဟာမိတ် ၃ ဖွဲ့က စစ်ခန်းများကို ဆက်တိုက် သိမ်းပိုက်နေပြီး စစ်စခန်း စုစုပေါင်း ၁၂၅ ခု သိမ်းပိုက်ထား

ရန်ကုန်၊ နိုဝင်ဘာ ၈

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံးကိုးမြို့နယ်တွင် စစ်တပ်စခန်းများ လုံးဝမရှိတော့ဘဲ အုပ်ချုပ်ရေး လုပ်ငန်း များနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို စတင်နိုင်ခဲ့ပြီဖြစ်ကြောင်း MNDAA ၏ ပြန်ကြားရေး The Kokang က ထုတ်ပြန် ထားသည်။

၁၀၂၇ စစ်ဆင်ရေး Operation ၁၂ ရက်နေ့ မြောက်နေ့ဖြစ်သည့် နိုဝင်ဘာလ ၇ ရက်နေ့ တွင် ညီ နောင်မဟာမိတ် ၃ ဖွဲ့မှ ကိုးကန့် ၊ မုံးကိုး ၊ ကွတ်ခိုင် စသည့်နေရာများရှိ စစ်ကောင်စီ၏ တပ် စခန်း များကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မုံးကိုးမြို့နယ်၏ အုပ်ချုပ်ရေးကိုလည်း ပြန်လည် ထူ ထောင်နိုင် ခဲ့ကာ မူလအထူး ဒေသ ၁ ၏ နယ်မြေတစ်ချို့ကို ပြန်လည်ရယူနိုင်ခဲ့ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ ၈ ရက် နံနက် ၆ နာရီခွဲ ခန့်တွင် တာရွှေထန်နေရာရှိ စစ်ကောင်စီ၏ နံပါတ် ၁၁ စခန်း ကို ကိုးကန့်(MNDAA) မှ ထိုးစစ် တိုက်ခိုက်သိမ်းယူခဲ့ပြီး စစ်ကောင်စီမှ တိုက်လေယာဉ်များဖြင့် ၎င်း နေရာကို အကြိမ်ပေါင်းများစွာ လာရောက်ဗုံးကြဲ ပစ်ခတ်ခဲ့ခြင်းကြောင့် စစ်နည်းပရိယာယ်အရ ပြန် လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

ထို့ပြင် ကိုးကန့်တုန်းရှမ်းဒေသ ပန်းဝါစခန်း ၊ ဟုန်ရှင်း(မော်ထိုက်)ဒေသ ရှင့်ထန်ကျေးရွာအုပ်စု တာ ကျိုင့်တောင် အောက်ခြေရှိ တပ်စခန်း ၊ ဟုန်ရှင်းဒေသ ကော်ကြာတု နှင့် ရှီးရှမ်းဒေသ မန်လော်ကျေးရွာ အုပ်စု တာပတုတံတား တစ်ဖက်ခြမ်းရှိ ပန်လုံတောင်စခန်း စသည့် စစ်ကောင်စီ၏ တပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းယူ နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့ ညပိုင်းက စစ်ကောင်စီ၏ တိုက်လေယာဉ်များသည် ကိုးကန့်ခရိုင်၊ တုန်းရှမ်း ဒေသ တာကန်ထန်တပ်စခန်းကို လာရောက်ဗုံးကြဲပစ်ခတ်ပြီး ခြံကိုင်းရွာအတွင်းသို့ ဗုံးသီးကျရောက် ပေါက်ကွဲခဲ့သောကြောင့် ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်လည်း ပျက်စီးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၅ ရက် ညနေ ၃ နာရီ မိနစ် ၃၀ မှ စတင်ပြီး စစ်ကောင်စီ၏ မုံးကိုးဗျူဟာကုန်းကို လေ ကြောင်း မှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် နိုဝင်ဘာလ ၇ ရက် နံနက်အချိန်တွင် MNDAA တပ်ဖွဲ့မှ ခြေ လျင်တပ်ဖြင့် နောက်တစ်ကြိမ် ထိုးစစ် တိုက်ခိုက်ခဲ့ရာ ၁ နာရီကြာ တိုက်ပွဲဖြစ်ပြီး မွန်းတည့် ၁၂ နာရီ ၄၈ မိနစ်အချိန်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ညနေ ၄ နာရီ ၄၈ မိနစ်တွင် ကိုးကန့်(MNDAA)နှင့် ဒေသလုံခြုံရေးအဖွဲ့တို့မှ မုံးကိုးမြို့ ၏ အုပ်ချုပ်ရေးများကို ပြန်လည်ထူထောင်နိုင်ခဲ့ပြီး ဒေသခံပြည်သူ့စစ်အားလုံးလည်း ကြောက်ရွံ့ ထွက်ပြေး ကုန်ကြကာ မုံးကိုးခရိုင်တစ်ခုလုံးကို ပြန်လည်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူပန်(သိန္နီ)ခရိုင် ဟိုပင်ကျေးရွာအုပ်စုရှိ စစ်ကောင်စီဗျူဟာကုန်း ၆၈ ကားရပ်နားနေရာ ၊ အမြောက် တပ် စခန်း၊ မိုင်းတင်လက်ဖက်တောင်ကုန်းရှိ နံပါတ် ၁၊ ၂ ၊ ၃ စခန်း ၊ နန်ဖိုင်ရွာအုပ်စုတွင် အထိုင်ချထားသော တပ်ရင်း ၂၉၁ နှင့် ဟိုပင်ရွာအုပ်စု မာချီနောစခန်း စသည့်စစ်ကောင်စီစခန်းများကို ကိုးကန့် (MNDAA) တပ်ဖွဲ့မှ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကွက်ခိုင်မြို့နယ်၊ မိုင်းပေါ်ဒေသ၊ မိုက်ဖန်တပ်စခန်းကို ဒေသလုံခြုံရေးအဖွဲ့မှ တိုက်ခိုက် သိမ်း ပိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ၇ ရက်နေ့တွင် ပန်းဝါစခန်းကို သိမ်းပိုက်ခဲ့ပြီးနောက် ယနေ့ နိုဝင်ဘာလ ၈ ရက် နံနက် ၅ နာရီ ၂၅ မိနစ်အချိန်တွင် ပန်းဝါနေရာ၏ တောင်ဘက်ခြမ်းရှိ မာလီလင်စခန်းကို ကိုးကန့် (MNDAA)မှ စတင် ထိုးစစ်တိုက်ခိုက်ခဲ့ရာ ၃ နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နံနက် ၈ နာရီ ၁၀ မိနစ်တွင် ၎င်းတပ်စခန်း ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အခြားစစ်ကြောင်းများမှလည်း စစ်ကောင်စီတပ် စခန်းများကို ထိုးစစ် တိုက်ခိုက်သိမ်းပိုက်လျက်ရှိကြောင်း၊ ညီနောင် မဟာမိတ် ၃ ဖွဲ့ အနေဖြင့် စစ်ကောင်စီ၏ တပ်စခန်းအကြီး အသေး စုစုပေါင်း ၁၂၅ ခုကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *