မအိပ်ခင်လေးဝင်ကြည့်လိုက်ကြ သံရည်ကျို(ရုပ်သံ)

နိုဝင်ဘာလ ၉ ရက်နေ့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ ၏ ရှမ်းပြည်တိုက်ပွဲသတင်းများ-ညီနောင်မဟာမိတ်(၃)ဖွဲ့မှ ကိုးကန့်ခရိုင်၊ရှောက်ပယ်အိုင်နှင့် ဟဲ့ဟုတ်တောင်ရှိ စစ်ကောင်စီစခန်းကိုသိမ်းပိုက်ခဲ့

နိုဝင်ဘာလ ၉ ရက်

နိုဝင်ဘာလ ၉ ရက်နေ့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ (၁၀၂၇) စစ်ဆင်ရေး Operation ကြီးလုပ်ဆောင်လာ သည်မှာ (၁၄)ရက်နေ့မြောက်တွင် ကိုးကန့်(MNDAA)နှင့် မဟာမိတ်အဖွဲ့တို့ ပူးတွဲပြီး ကိုးကန့်ခရိုင်၊ရှီးရှမ်းဒေသ ၊ တာရွှေထန်အုပ်စု ၊ နန်ကော်ရွာမှ ဖုန်းချွေရှမ်နေရာကြား ရှောက်ပယ်အိုင်နေရာတွင်ရှိသော စစ်ကောင်စီ၏ တပ်စခန်းနှင့် ကိုးကန့်တုန်းရှမ်းဒေသ ၊ ရှီယွင်ကြည်ရွာအနီး ဟဲ့ဟုတ်တောင် စခန်းကို ထိုးစစ်တိုက်ခိုက်ခဲ့ပါသည်။

လက်ရှိအချိန်အထိ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့သည် စစ်ကောင်စီ၏ တပ်စခန်း အကြီးအသေး စုစုပေါင်း(၁၂၈) ခု အောင်မြင်စွာသိမ်းပိုက်ခဲ့ပါသည်။

ယနေ့နံနက်(၅)နာရီတွင် ကိုးကန့်(MNDAA)နှင့် မဟာမိတ်အဖွဲ့တို့သည် ရှောက်ပယ်အိုင်နေရာရှိ စစ်ကောင်စီ၏တပ်စခန်းကို စတင်ထိုးစစ်ဆင်လာခဲ့ပြီး လေကြောင်း၏ပစ်ကူမှုအောက်တွင် နံနက်(၇း၂၀)နာရီ အချိန်တွင် သိမ်းပိုက်နိုင်ခဲ့သည်။ ၎င်းစခန်းကိုသိမ်းပိုက်ပြီးနောက် ကိုးကန့်(MNDAA)နှင့် မဟာမိတ်အဖွဲ့တို့သည် ဖုန်းချွေရှမ်နေရာဘက်သို့ ဆက်လက်ချီတက်ခဲ့ပါသည်။ ထိုသို့ချီတက်နေစဉ်တွင် ဟွာရှိပန် ဘက်မှ စစ်ကား(၂)စီး မောင်းနှင်လာသော ကိုးကန်ရုပ်သေးအဖွဲ့များကို ကိုးကန့်(MNDAA) နှင့် မဟာမိတ်အဖွဲ့တို့မှ ကြားဖြတ်တိုက် ခိုက်ခဲ့ပြီး ၎င်းကား(၂)စီးကို ဖျက်ဆီးနိုင်ခဲ့သည့်အပြင် ရုပ်သေးအဖွဲ့ဝင်ကိုလည်း ချေမှုန်းခဲ့ပါ သည်။

ယနေ့ ကိုးကန့်(MNDAA)နှင့် မဟာမိတ်အဖွဲ့တို့သည် ကိုးကန့် တုန်ရှမ်းဒေသ ၊ ရှီယွင်ကြည်ရွာအနီးရှိ စစ်ကောင်စီ နှင့် ပြည်သူ့စစ်အဖွဲ့၏ တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သည်။

နံနက်(၄)နာရီမှစတင်ပြီး ဟဲ့ဟုတ်တောင်ရှိစစ်ကောင်စီစခန်းကို ဗုံးကြဲပစ်ခတ်ပြီး (၆း၂၅)နာရီတွင် ခြေလျင်တပ် ဖြင့် စတင်ချီတက်လာခဲ့သည်။ (၈)နာရီအချိန်တွင် ဗျူဟာကုန်းအနောက်ဘက်တောင်ကုန်းကို သိမ်းယူနိုင်ပြီး (၉)နာရီအချိန်တွင် ဟဲ့ဟုတ်တောင်ကို စတင်ထိုးစစ်တိုက်ခိုက်ခဲ့ပါကာ (၉း၅၀)နာရီ တွင် ဟဲ့ဟုတ်တောင်၏ အဓိကတပ်စခန်းကိုသိမ်းယူလိုက်ပြီး (၁၂း၂၀)နာရီအချိန်တွင် အရံတပ်စခန်ကိုလည်းအပြီးသိမ်းပိုက်ခဲ့ပါသည်။

အခြားစစ်ကြောင်းများတွင်လည်း ကိုးကန့်(MNDAA)နှင့် မဟာမိတ်အဖွဲ့တို့တိုက်ပွဲဆက်လက်ဆင်နွှဲနေဆဲရှိသည်။

ညီနောင်မဟာမိတ်တိုက်ပွဲ

နိုဝင်ဘာလ (၉) ရက်နေ့တွင် TNLA၏တပ်မဟာ(၂)စစ်ဒေသ၊ နောင်ချိုမြို့နယ် အုမ္မခါးကျေးရွာအနီးတွင် သံချပ်ကာကား (၃)စီးဖြင့် စစ်ကူရောက်လာသော စစ်ကောင်စီတပ်အား ယမန်နေ့ ည (၉း၄၅) နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA + MDY PDF ပူးပေါင်းတပ်ဖွဲ့တို့ မှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ သံချပ်ကာကား (၁)စီးကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ပြီး၊ ကျန် (၂)စီးနှင့် စစ်ကူများသည် နောက်ပြန်ဆုတ်သွားခဲ့သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *