ကလေးမြို့နယ်၊ ရာဇဂြိုလ် ရခစခန်း ၂ ခုကိုသိမ်းပိုက်(ရုပ်သံ)

ကလေးမြို့နယ်၊ ရာဇဂြိုလ် ရဲဘက်စခန်း ၂ ခုကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ပြီးနောက် နယ်မြေ ရှင်းလင်းရေးများ ပြုလုပ် (ရုပ်/သံ)

ရန်ကုန်၊ နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုလ် ရဲဘက်စခန်း ၂ ခုကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ပြီးနောက် နယ်မြေ ရှင်းလင်းရေး ပြုလုပ်လျက်ရှိကြောင်း NUG ကာကွယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်ခန့်တွင် ကလေးမြို့နယ်၊ ရာဇဂြိုလ်ကျေးရွာအနီးရှိ အကျဉ်းစခန်း ၂ ခုကို အထူးလှုပ်ရှား တပ်ရင်း ၂ မှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကျဉ်းစခန်း ၂ ခုလုံး သိမ်းပိုက် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း အကျဉ်းစခန်း ၁ မှ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ ဦးခန့်သည် ပြည်သူ့ဘက်ကို ကူးပြောင်းခိုလှုံခဲ့ကြောင်း၊ ယင်း စခန်းသိမ်း တိုက်ပွဲအတွင်း ထွက်ပြေးသွားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦးကို သေနတ် ၂ လက်နှင့်အတူ နိုဝင်ဘာလ ၉ ရက်နေ့၌ ဖမ်းဆီးရရှိခဲ့ပြီး နိုင်ငံ တကာ စစ်သုံ့ပမ်း စည်းမျဉ်း စည်းကမ်းများနှင့်အညီ ထိန်းသိမ်းထားကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *